လီဗာပူးလ်အသင်းဟာအသင်းအတွက်အဓိကအားထားရတဲ့ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်ကစားသမားအော်ရီဂီကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုနိုင်လိုက် ပြီလို့သိရပါတယ်။အသက်(၂၄) နှစ်အရွယ်ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား အော်ရီဂီဟာ ပြီးခဲ့တဲ့(၂၀၁၄) ခုနှစ်ကလိုင်လီအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ကစား သမားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာစာချုပ်သက်တမ်းမှာ နောက်ထပ်(၁)နှစ်ခန့်သာကျန်ရှိတော့တာပဲ ဖြစ်ပါတယ်။

Source : liverpoolfc.com

တိုက်စစ်ကစားသမားအော်ရီဂီဟာ လီဗာပူးလ်အသင်းနဲ့(၆)နှစ်တာကစား သမားသက်တမ်းတစ်လျောက်လုံးပြိုင်ပွဲစုံပွဲပေါင်း (၉၈)ပွဲကစားထားပြီးသွင်းဂိုးစုစုပေါင်း (၂၈)ဂိုး သွင်းယူပေးထားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာလည်း အကောင်းဆုံးခြေစွမ်းပြကစားကာ အသင်းအတွက်သွင်းဂိုးတွေစွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦးအဖြစ်မှတ်တမ်းဝင်ခဲ့သူပါ။

Source : anfieldhq.com

ယခုနှစ်ကစားသမားအပြောင်းအရွေ့ကာလမှာတော့ တိုက်စစ်ကစားသမားအော်ရီဂီကို ပရီးမီးယားလိဂ်နဲ့ လာလီဂါနာမည်ကြီးကလပ်အသင်းတွေသာမက တရုတ်စူပါလိဂ်ကလပ်အသင်းများကပါ ခေါ်ယူဖို့စိတ်ဝင်စားနေခဲ့တာကြောင့် လီဗာပူးလ်အသင်းက နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အော်ရီဂီကလည်း အစောပိုင်းကာလတွေမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့တဲ့အပြင် အငှားကစားသမားဘဝနဲ့ အသင်းမှထွက်ခွာကစားခဲ့ရသော်လည်း ပြီးခဲ့တဲ့ရာသီမှာတော့ အသင်းရဲ့အရံလူစာရင်းမှာပါဝင်ခွင့်ရလာခဲ့ပြီး ပွဲကစားခွင့်တွေရရှိလာတဲ့အတွက် အသင်းနဲ့သက်တမ်းတိုးဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source : Rousing The Kop

အော်ရီဂီကတော့ ” အခုလိုအသင်းနဲ့ နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ကျွန်တော်အသက်(၁၉)နှစ်ကစပြီး လီဗာပူးလ်အသင်းမှာကစားခဲ့တဲ့အတွက်အသင်းအပေါ်မှာလည်း သံယောဇဉ်ရှိတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုလည်း အမြဲဆန္ဒရှိနေခဲ့တာပါ။ လီဗာပူးလ်အသင်းက တကယ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ အသင်းရဲ့ တာဝန်ရှိသူတွေရော အသင်းဖော်ကစားသမားတွေပါ အရမ်းကြိုးစားကြပါတယ်။လီဗာပူးလ်အသင်းမှာကစားရတာ ကျေနပ်ဂုဏ်ယူမိပါတယ်လို့ ” ဆိုပါတယ်။