လီဗာပူးအသင်းရဲ့အဓိက ဂိုးသမား အလီဆန်ဟာ ဒဏ်ရာကြောင့် အက်တလန်တီကိုမက်ဒရစ်နဲ့ ကစားရမဲ့ ချန်ပီယံလိဂ်ဒုတိယကျော့ပွဲစဉ် ကိုလွဲချော်တော့မှာဖြစ်ကြောင်းသိရပါတယ်။
အလီဆန်ဟာ အစောပိုင်းကတည်းက ဒဏ်ရာရနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာလည်း ပါဝင်ကစားနိူင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
Source: Channels TV
အလီဆန်ရဲ့ဒဏ်ရာဟာ ဘယ်လောက်ထိပြင်းထန်ပြီး ပြန်ကောင်းလာဖို့ ဘယ်လောက်ထိကြာနိူင်မလဲဆိုတာ တိတိကျကျမသိရသေးပေမဲ့ အက်တလန်တီကိုမက်ဒရစ်နဲ့ ပွဲစဉ်ကိုတော့ လွဲချော်မှာသေချာနေပါတယ်။လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ပထမကျော့ပွဲစဉ်မှာ အက်တလန်တီကိုမက်ဒရစ် အိမ်ကွင်းတွင် (၁-၀) နဲ့ရှုံးနိမ့်ထားပါတယ်။ ဒုတိယကျော့ပွဲစဉ်ကိုတော့ အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။
“စိတ်မကောင်းစွာနဲ့ပဲ အလီ ဟာဒဏ်ရာရရှိသွားပါတယ်။ ချဲလ်ဆီးနဲ့ပွဲ မတိုင်လေ့ကျင့်ခန်းဆင်းနေတုံးမှာ ဖြစ်ခဲ့တာပါ။ ဒဏ်ရာကတော့ ဘာမှကြီးကြီးကျယ်ကျယ် မရှိဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ သေချာပြန်စစ်ကြည့်လိုက်တော့ တင်ပါးကြွက်သားမှာ အပြစ်ရှိနေတာကို တွေ့ခဲ့ရပါတယ်။ သာမန်လူတွေအတွက်တော့ ဒီဒဏ်ရာဟာ ဘာမှမပြောပလောက်ပေမဲ့ ပရော်ဖက်ရှင်နယ် ဂိုးသမားတစ်ယောက်အတွက်ကတော့ ဒါဟာ အလွန်ဂရုစိုက်ရမဲ့ အရာပါ။ ဒါကြောင့် သူဟာ နောက်တစ်ပက်အထိ ကစားနိူင်သေးမှာမဟုတ်ပါဘူး” ဟု လီဗာပူးနည်းပြ ကလော့ပ်က သတင်းထောက်တွေနဲ့တွေ့ဆုံးစဉ်မှာ ပြောကြားခဲ့ပါတယ်။
Source: news.t-10.in
အလီဆန်ဟာ ဒဏ်ရာကြောင့် ဘရာဇီးအသင်းရဲ့ ကစားသမားစားရင်းမှာလည်း ပါဝင်လာခြင်းမရှိခဲ့ပါတယ်။
လီဗာပူးအသင်းအနေနဲ့ သူတို့ရဲ့ ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပေးနေတဲ့ ဂိုးသမားကို ကာလရှည်လက်လွှတ်ဖွယ်ရာရှိနေတာကြောင့် နည်းပြကလော့ပ် အတွက်တော့ ခေါင်းခဲစရာဖြစ်လာတာအမှန်ပါပဲ။
Source: The Irish Times
အသင်းခေါင်းဆောင် ဟန်ဒါဆန် ဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့အချိန်မှာ အသင်းအနေနဲ့ နောက်ထပ် အားကိုးရတဲ့ ကစားသမားတစ်ယောက် ဒဏ်ရာရရှိသွားတာဟာ အလွန်ပဲနစ်နာပါတယ်။