ဝုဗ်တိုက်စစ်မှူး ယိုတာဟာ လီဗာပူးလ်အသင်းနဲ့ (၅) နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ လီဗာပူးလ်ဟာ အဆိုပါ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးအတွက် ဝုဗ်အသင်းကို ပေါင် (၄၅) သန်းပေးချေရမှာဖြစ်ကြောင်း Goal ကဖော်ပြထားပါတယ်။ ယိုတာဟာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ယခုနှစ်အပြောင်းအရွှေ့မှာ ဒုတိယမြောက် ကစားသမားခေါ်ယူမှုလည်းဖြစ်ပါတယ်။

Source: Goal

ပြီးခဲ့တဲ့ သောကြာနေ့က လီဗာပူးလ်အသင်းဟာ ဘေယန်မြူးနစ်မှာ သီယာဂို အယ်ကန်ထရာ ကို ပေါင် (၂၇) သန်းဖြင့် ခေါ်ယူပြီး (၄) နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဆိုပါ ကစားသမားဟာ လီဗာပူးလ်အသင်းမှာ ကျောနံပက် (၆) ဂျာစီ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

Source; Daily Record

ယခု လီဗာပူးလ်အသင်းဟာ အသက် (၂၃) နှစ်အရွယ် တိုက်စစ်မှူးယိုတာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ယိုတာဟာ ဝုဗ်အသင်းကို (၂၀၁၇) ခုနှစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် (၁၃၁) ကစားပေးထားကာ (၄၄) ဂိုးသွင်းယူပေးထားပါတယ်။ လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ အသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလာ့၊ ဆာနေး နဲ့ ဖာမီနို တို့ကို အထောက်အကူဖြစ်စေဖို့အတွက် ယိုတာကို ခေါ်ယူဖို့ ကြိုးစားနေခြင်းြဖ်စပါတယ်။

Source: BFN ZA

လီဗာပူးလ်အသင်းဟာ ယိုတာ ကိုခေါ်ယူမှုမပြုလုပ်ခင် ဝက်ဖို့ဒ် တောက်ပံကစားသမား Ismaila Sarr ကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အဆိုပါ ဆီနီဂေါ တောင်ပံတိုက်စစ်မှူးဟာ လီဗာပူးလ်အသင်း ပထမဆုံး ရှုံးပွဲကြုံခဲ့တဲ့ ပွဲစဉ် (ဝက်ဖို့ဒ် ၃ – ၀ လီဗာပူး) မှာ လီဗာပူးလ်အသင်းဖက်ကို (၂) ဂိုးသွင်းယူခဲ့ပါတယ်။

ကလော့ဟာ အဆိုပါ တောင်ပံကစားသမားကို ခေါ်ယူချင်ပေမယ့် ဝက်ဖို့အသင်းဖက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း (၄၀) ကိုပေးချေလိုခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါ့ကြောင့် လီဗာပူးလ်အသင်းဟာ ယိုတာ ကိုခေါ်ယူဖို့ ကြိုးစားလာတာပါ။