ယခုနှစ်ရဲ့  FA လူငယ်ဖလားဗိုလ်လုပွဲမှာတော့ လီဗာပူးလ်ယူ-၁၈ အသင်းဟာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဧပြီလ (၂၅) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ FA လူငယ်ဖလား ဗိုလ်လုပွဲမှာတော့ လီဗာပူးလ်ယူ-၁၈ အသင်းဟာ မန်စီးတီးယူ-၁၈ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်ယူ-၁၈ အသင်းကတော့ မန်စီးတီးယူ-၁၈ အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်ကစားခဲ့ရပြီး နောက်ဆုံးပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : TalkSport

အိမ်ရှင်မန်စီးတီးယူ-၁၈ အသင်းဟာ ပွဲစတင်ချိန်ကတည်းက လီဗာပူးလ်ယူ- ၁၈ အသင်းကို ဖိအားပေးကစားလာခဲ့တာဖြစ်ပြီး ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီး (၄၅) မိနစ်မှာ မန်စီးတီးယူ-၁၈ အသင်းကစားသမား တူအီဇီက ဦးဆောင်ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်တဲ့အချိန်မှာလည်း ဆက်လက်ဖိအားပေးကစားခဲ့တာကြောင့် လီဗာပူးလ်ယူ-၁၈ အသင်းချေပဂိုးပြန်လည်ရယူနိုင်မယ့် အခွင့်ရေးများ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။သို့ပေမယ်လည်း ဒုတိယပိုင်းပွဲပြီးချိန် (၈၆) မိနစ်ခန့်မှာတော့ လီဗာပူးလ်ယူ-၁၈ ကစားသမား ဒွန်ကန်မှ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့တာဖြစ်ပါတယ်။

Source : Liverpool FC

သို့ဖြစ်၍ အချိန်ပိုဆက်လက်ကစားခဲ့ရာ အချိန်ပိုမှာလည်း နှစ်ဖက်အသင်းစလုံး အနိုင်အရှုံးရလဒ်မထွက်ပေါ်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ဖြင့်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ လီဗာပူးလ်ယူ-၁၈ အသင်းအနေနဲ့ ပယ်နယ်တီ (၅) ဂိုးစလုံး အောင်အောင်မြင်မြင် သွင်းယူနိုင်ခဲ့ပြီး မန်စီးတီးယူ-၁၈ အသင်းကတော့ (၅) ဂိုးမှာ (၂) ဂိုးလွဲချော်ခဲ့တာကြောင့် လီဗာပူးလ်ယူ-၁၈ အသင်းကို ချန်ပီယံဆုပေးအပ်လိုက်ရတာဖြစ်ပါတယ်။ ယခုနှစ်ရဲ့ FA လူငယ်ဖလားချန်ပီယံဆုကတော့ လီဗာပူးလ်ယူ -၁၈ အသင်းအတွက် (၄) ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ လီဗာပူးလ်ယူ-၁၈ အသင်းဟာ ၂၀၀၇ ခုနှစ်က နောက်ဆုံးအကြိမ် FA လူငယ်ဖလားကို ရရှိခဲ့ခြင်းဖြစ်ပြီး (၁၂) နှစ်အကြာမှ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့တဲ့ ဂုဏ်ယူစရာနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

Source : TalkSport