မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ပွဲစဉ်မှာတော့ လီဗာပူးလ် အသင်းဟာ ထင်မှတ်မထားတဲ့ ခြေပဂိုးတွေနဲ့ အနိုင်ပိုင်းသွားခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာပြန်လည် နေရာယူခဲ့ပါတယ်။ ပထမပိုင်းမှာ ဆောက်သမ်တန်အသင်းအနေနဲ့ ပွဲအစ (၉) မိနစ်မှာတင် တိုက်စစ်မှူး ရှိန်းလောင်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းကို ဖိအားပေးကစား နေခဲ့တာဖြစ်ပါတယ်။ ခံစစ်ကြောင်းကို အဓိကဖိအားပေးကစားနေတဲ့ ဆောက်သမ်တန်အသင်းရဲ့ ကစားကွက်တွေဟာ လီဗာပူးလ် အသင်းအတွက် တကယ်ကို ခက်ခဲစေခဲ့မှာ အမှန်ပါပဲ။

Source : Liverpool FC

သို့ပေမယ့် ပွဲချိန် (၃၆) မိနစ်မှာ လီဗာပူးလ်ကစားသမား ကီတာက ချေပဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် တစ်ဖက် တစ်ဂိုးစီနဲ့ ဆက်လက်ယှဉ်ပြိုင်နေခဲ့ပါတယ်။ နောက်ထပ်ထင်မှတ်မထားတဲ့ လီဗာပူးလ်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ (၂) လနီးပါး ဂိုးကံခေနေခဲ့တဲ့ တိုက်စစ်မှူး ဆာလာက ပွဲချိန် (၈၀) မိနစ်မှာ လှလှပပသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် နောက်ဆုံးပိတ် အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၆) မိနစ်မှာ ဟန်ဒါဆန်တို့ကသွင်း ယူပေးခဲ့ပြီး (၃ -၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Source : Liverpool FC

လီဗာပူးလ်အသင်းအနေနဲ့ အဆိုပါပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် လက်ရှိအမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးထက် ရမှတ် (၂) မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဦးမှာ  ပြန်လည်ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် ပျောက်ဆုံးနေတဲ့သွင်းဂိုးတွေကို ပထမဆုံးပြန်လည်သွင်းယူပြီး အင်္ကျင်္ီချွတ်အောင်ပွဲခံခဲ့တဲ့ ဆာလာကတော့ ပရီးမီးယားလိဂ်ပွဲစဉ် (၆၉) ပွဲမှာ ဂိုး (၅၀) မြောက်သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။

Source : Evening Standard