မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက လီဗာပူးအသင်းအနေနဲ့ ဆာအဲလက်စ်ဖာဂူဆန်လက်အောက် နှစ် ၂၀ အတွင်း ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အောင်မြင်မှုအတိုင်း လိုက်လုပ်နိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ ယုံကြည်နေကြောင်း Irishtimes ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo: IrishTimes
ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ကြာသပတေးနေ့က ချယ်ဆီးအသင်းကို မန်ချက်စတာစီးတီးအသင်းက ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉ ကြိမ်မြောက် အင်္ဂလန်အမှတ်ပေးဖလားကို ရရှိခဲ့တာဖြစ်ပြီး ၇ ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ ဒုတိယနေရာက မန်စီးတီးကို ၂၃ မှတ်ဖြတ်ပြီး နှစ်ပေါင်း ၃၀ ကြာစောင့်ဆိုင်းနေရမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ဘက်အသင်းတွေကို ဖာဂူဆန်ရဲ့အောင်မြင်မှုအတိုင်း လုပ်ပြနိုင်မှာလားလို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။
“ဆာအဲလက်စ်လက်အောက်မှာ ကျွန်တော်တို့ ရရှိခဲ့တဲ့ ဆုဖလားအရေအတွက်ကို လိုက်ပြီး ဘယ်သူမှ လုပ်နိုင်ဖို့ လွယ်ကူမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဆိုးလ်ရှားက ၁၉၉၃ ခုနှစ်မှ အဆုံးသတ်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂၆ နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။

Source : Knowledia News
“ဆာအဲလက်စ်က ကျွန်တော့်အတွက် ထိပ်ဆုံးမှာနေတဲ့ဆရာသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့စိန်ခေါ်မှုက ကျွန်တော်တို့ရောက်နေတဲ့နေရာကနေ ဘယ်မှ မသွားဖို့ပါပဲ။ ပြောရရင် ၂၆ နှစ်မတိုင်မီ နောက်တစ်ချိန်မှာ ကျွန်တော်တို့ အဲဒီအတိုင်း ဒါမှမဟုတ် အဲဒါထက်ပိုပြီး အနိုင်ရရှိမှာပါ။ ကျွန်တော်တို့ အကွာအဝေးကို ချုံ့ဖို့ ဒါမှမဟုတ် သူတို့ကို ကျော်ဖြတ်ဖို့တောင် အရာအားလုံး လုပ်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
