လီဗာပူးကစားသမားဟောင်း Jamie Carragher က Mohamed Salah ကို အသင်းက ရောင်းချဖို့စဉ်းစားနေပြီလားဆိုတာနဲ့ပက်သတ်ပြီး Sky Sports မှာသုံးသပ်ပြသွားခဲ့ပါတယ်။

Source: Teamtalk

“လီဗာပူးအသင်းက Salah ကို ယူရို ၁၃၀ နဲ့ရောင်းချဖို့ ဖြစ်လာနိူင်ပါတယ်။ Salah အနေနဲ့ အသင်းမှာ မပျော်မရွှင်ဖြစ်နေတာ က လူမူကွန်ယက်ပေါ်မှာတတ်လာတဲ့ အသင်းပရိသတ်တွေရဲ့မှတ်ချက်တွေကြောင့် ပါ။”

“လီဗာပူးဟာ သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာရမယ်ဆိုရင် Salah ကိုရောင်းချသွားနိူင်ပါတယ်။ Salah ဟာ ကမ္ဘာ့အဆင့် ရှိတဲ့ ကစားသမားတစ်ဦီးပါ။ ဒါပေမဲ့ အသင်းပရိသတ်တွေနဲ့ ပက်သတ်ပြီး သူဆီမှာ မကျေနပ်တာတွေ ရှိနေတယ်ဗျ။”

Source: Teamtalk

“လူမူကွန်ယက်တွေပေါ်က ပရိသတ်တွေရဲ့ ပြောစကားတွေကို ကြည့်လိုက်မယ်ဆိုရင် အသင်းမှာ ကမ္ဘာ့အဆင့် ကစားသမား (၆) ယောက်ရှိနေပါတယ်။ Trent Alexander-Arnold, Virgil van Dijk, Sadio Mane, Roberto Firmino, Salah တို့ပဲဖြစ်ပါတယ်။”

“ပရိသတ်တွေက Salah မဟုတ်ပဲနဲ့ တစ်ခြားကစားသမား (၅) ကိုပြောင်းရွှေ့ကြေးအမြောက်အများနဲ့ ရောင်းချဖို့ထက် Salah ကိုပဲ ယူရို သန်း (၁၃၀) ရမယ်ဆိုရင် ရောင်းချဖို့ ပိုပြီးလိုလားနေကြတာပါ။ ဒါကပဲ Salah ကို မပျော်မရွှင် ဖြစ်စေတာပါ။”

လီဗာပူးအသင်းဟာ တစ်ဖက်မှာလည်း PSG အသင်းရဲ့တိုက်စစ်မူး Kylian Mbappe နှင့် ဒေါ့မွန်အသင်းမှာ ဆယ်ကျော်သက် ကစားသမား Jadon Sancho တို့ကိုငွေအမြာက်အများသုံးပြီး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Source: Daily Mail

ဒီကစားသမားတွေကို ခေါ်ယူဖို့ဆိုရင် လီဗာပူးအနေနဲ့ ကစားသမားတွေ ရောင်းချပြီး ဝင်ငွေရှာဖွယ်ရှိနေပါတယ်။ Salah ကိုရီးရဲလ်မက်ဒရစ်အသင်းက ကာလရှည်စိတ်ဝင်စားနေတာကြောင့် တကယ်လိုသာ Salah အသင်းပြောင်းမယ်ဆိုရင် အခြားအသင်းတွေထက် လက်ဦးပြီး ခေါ်ယူဖွယ်ရှိနေပါတယ်။