ဇူလိုင်လ (၃) ရက်နေ့မနက်အစောပိုင်းက မန်စီးတီးအိမ်ကွင်း အီတီဟတ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၂) မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်မန်စီးတီးအသင်းက (၄-ဝ) ဂိုးဖြင့် ချန်ပီယံအသစ်ကိုဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အိမ်ရှင်အသင်းအနေနဲ့ စတာလင် ဂျေဆူး ဖိုဒန် ဒီဘရိုင်းနား ဂန်ဒိုဂန် ရိုဒရီ မန်ဒီ လာပေါ့တ် ဝေါ်ကာ စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး ချန်ပီယံအသစ်လီဗာပူးလ်တို့ကလည်း ဖာမီနို ဆာလာ မာနေး ဝိုင်နယ်ဒန် ဟန်ဒါဆန် ဖာဘင်ဟို ရောဘတ်ဆန် ဗန်ဒိုက် ဂိုမက်ဇ် စတဲ့ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard

ပွဲကစားချိန်ပထပိုင်းမိနစ်တွေမှာ လီဗာပူးလ်အသင်းက ပွဲကိုဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် (၂၅) မိနစ်အရောက်မှာတော့ မန်စီးတီးတိုက်စစ်မှူးစတာလင်ကို ဂိုးမက်ဇ်က ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အဆိုပါ ပြစ်ဒဏ်ဘောကို ဒီဘရိုင်းနားကအကောင်းဆုံးသွင်းယူခဲ့ပြီး အဖွင့်ဂိုးစတင်ရရှိသွားခဲ့ပါတယ်။ မန်စီးတီးတို့ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး နောက်ထပ် (၁၀) မိနစ်အကြာ ပွဲကစားချိန် (၃၅) မိနစ်မှာပဲ စတာလင်က ဒုတိယဂိုးထပ်မံသွားခဲ့ပြန်ပါတယ်။ ပွဲချိန် (၄၅) မိနစ်မှာလည်း ဖိုဒန်က နောက်ထပ်သွင်းဂိုးတစ်ဂိုးထပ်မံ သွင်းယူပေးခဲ့တာကြောင့် အိမ်ရှင်းမန်စီးတီးအသင်းက ပထမပိုင်းပွဲကစားချိန်မှာပဲ (၃-ဝ) ဂိုးရလဒ်ဖြင့် ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ လီဗာပူးလ်အသင်းအနေနဲ့ ဂိုးရရှိမယ့်အခွင့်အရေးတွေရခဲ့ပေမယ့် ကောင်းစွာအသုံးမချနိုင်ခဲ့တာကြောင့် ချေပဂိုးအဖြစ်ပြောင်းလဲယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပွဲကစားချိန် (၆၆) မိနစ်မှာတော့ စတာလင်ကန်သွင်းခဲ့တဲ့ဘောလုံးကို လူစားလဲဝင်ရောက်လာခဲ့တဲ့ ချိန်ဘာလိန်နဲ့ ထိပြီးဂိုးဝင်သွားတာကြောင့် နောက်ထပ်သွင်းဂိုးတစ်ဂိုး အိမ်ရှင်မန်စီးတီးအသင်း ထပ်မံရရှိသွားခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ မန်စီးတီးအသင်းကပဲ ပွဲကိုဆက်လက်ဦးဆောင်ကစားနိုင်ခဲ့ပြီး (၅) ဂိုးမြောက်သွင်းဂိုးကို မာရက်ဇ်ရဲ့ကန်ချက်ကနေရရှိခဲ့ပေမယ့် VAR အဆုံးအဖြတ်ကြောင့် ဂိုးအဖြစ်သတ်မှတ်ခဲ့ခြင်းမရှိပဲ (၄-ဝ) ဂိုးရလဒ်ဖြင့်သာ ဂိုးပြတ်အနိုင်ရလဒ်ကို ဖော်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard