Loafers ကို အလွယ်ပြောရရင် Shoes တွေကို Slip-on Style ပြောင်းထားတဲ့ ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။ Loafer တွေက ကြိုးချည်စရာမလိုဘဲ Flat Heel နဲ့ လာပါတယ်။ လယ်သာနဲ့ လုပ်ထားတာ များပြီး Semi-Formal ဖက်ရှင်မှာ ဝတ်ဖို့ ပိုပြီး သင့်လျော်ပါတယ်။
Loafer ကို နေရာမရွေး စီးကြပါတယ်။ အခုပြောမှာက Loafer ကို ဘယ်လိုဖက်ရှင်နဲ့ တွဲဝတ်သင့်သလဲ ဆိုတာပဲ ဖြစ်ပါတယ်။
(၁) Smart Casual
Photo: okezone
များသောအားဖြင့် Loafer ကို လူကြီးလူကောင်းတွေ ဝတ်ကြတာပါ။ လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ ပွဲတက်ရာမှာလည်း စီးကြတာပါပဲ ပေါ့ပါးပြီး သပ်ရပ်သားနားတာကြောင့်လည်း Loafer ကို Shoes တွေထက်ပိုပြီး အကြိုက်များလာကြပါတယ်။
(၂) Formal
Photo: manofmany
Loafer ကို ပွဲတက်ဝတ်စုံနဲ့လည်း တွဲဝတ်လို့ ရပါတယ်။ အရည်အသွေးမြင့်တဲ့ လယ်သာ Loafer မျိုးတော့ စီးသွားဖို့ လိုပါတယ်။ Loafer နဲ့ တွဲဝတ်မယ့် Pant ဟာ အနည်းဆုံး Chino တော့ ဖြစ်ဖို့ လိုပါတယ်။ ဒါကတော့ ဝတ်ရတာလည်း ပိုသက်တောင့်သက်သာရှိသလို ဖက်ရှင်အရလည်း အတွဲအဖက်မိစေလို့ပါ။
(၃) Casual
Photo: theadultman
Casual ဖြစ်ချင်ရင် Loafer နဲ့ Jean ဘောင်းဘီ တွဲဝတ်ရုံပါပဲ။ အပေါ်မှာ T-Shirt ရိုးရိုး ၊ ဒါမှမဟုတ် Cotton Shirt လည်း ဝတ်လို့ ရပါတယ်။ Loafer ကို ပိုပြီး Casualize ဖြစ်ဖို့အတွက် Sock မလိုဘဲ စီးနိုင်ပါတယ်။