ဆံပင်အရှည်ထားရတာကို နှစ်သက်တဲ့ ယောကျာ်းများအတွက် အားသာချက်ကတော့ မိမိရဲ့ဆံပင်စတိုင်လ်ကို ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ခြင်းပဲဖြစ်ပါတယ်။ ဆံပင်ကို စည်းနှောင်ထားမလား၊ တစ်ဝက်စည်းထားမလား၊ ဒါမှမဟုတ် Bun ပုံသဏ္ဍာန် ထုံးဖွဲ့ထားမလား စသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး ပြုလုပ်နိုင်ပါတယ်။
ဆံပင်အရှည်ထားတဲ့အခါ နောက်တစ်ချက်သတိထားရမှာကတော့ ဆံပင်ကို အမြဲတမ်းဖြီးလိမ်းပြင်ဆင်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်တဲ့အခါမှာလည်း ဆံပင်ပျော့ဆေးကို အမြဲတမ်းအသုံးပြုသင့်ပါတယ်။ ဒါမှ ဆံပင်က ကြမ်းတမ်းမနေဘဲ နူးညံ့ပျော့ပျောင်းနေမှာပဲဖြစ်ပါတယ်။
စာဖတ်သူအနေနဲ့ ဆံပင်အရှည်ထားဖို့ စိတ်ကူးထားတယ်ဆိုရင်တော့ အခုဆက်လက်ဖော်ပြပေးမယ့် ဆံပင်စတိုင်လ်လေးတွေက အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

Source: Pinterest.com
