ပရိသတ်တွေစိတ်ဝင်စားကြတဲ့ ဟောလိဝုဒ်သတင်းတွေမှာ အနုပညာရှင်ဟောလိဝုဒ်စုံတွဲတွေအများစုက သက်တမ်းမကြာဘဲမကြာခန ကွဲကြ၊ နောက်တယောက်ရသွားတဲ့သတင်းတွေပဲ တွေ့ရများပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးနှစ်တွေကြာတဲ့အထိ လက်တွဲမြဲနေကြတဲ့ အနုပညာရှင်စုံတွဲတွေလဲရှိနိုင်တယ်ဆိုတာကို ဒီအနုပညာရှင်တွေက သက်သေပြလိုက်ပါတယ်။ ဒါဆိုဘယ်အနုပညာရှင်တွေလဲဆိုတာ အခုပြောပြပေးပါမယ်။

(၁) Tom Hanks and Rita Wilson

Source : Insider

Tom နဲ့ Rita တို့ဟာ Volunteer ဆိုတဲ့ဇာတ်ကားမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၁၉၈၈ မှာလက်ထပ်ခဲ့ကြကာ ခုချိန်ထိလက်တွဲမြဲနေကြတာပါ။ ဟောလိဝုဒ်စုံတွဲတတွဲအနေနဲ့ သူတို့၂ယောက်ဟာ အသက်မွေးဝမ်းကျောင်းအလုပ်မှာ တယောက်နဲ့တယောက်ကူညီပံ့ပိုးပေးကြပါတယ်။ သူတို့စုံတွဲဟာ သားသမီး၂ယောက်လဲပိုင်ဆိုင်ထားပါတယ်။

(၂) Will Smith and Jada Pinkett Smith

Source : The Jakarta Post

မင်းသားကြီး Will Smith နဲ့ သူ့ဇနီး Jada တို့က ၁၉၉၀ က Will ရဲ့ရုပ်သံဇာတ်လမ်းမိတ်ဆက်ပွဲမှာ ပထမဆုံးတွေ့ခဲ့ကြတာဖြစ်ပြီး နှစ်ယောက်က ၁၉၉၇ မှာလက်ထပ်ခဲ့ကြတာပါ။ အခုဆို ဒီစုံတွဲဟာ ကလေး၃ယောက်ထွန်းကားခဲ့ပြီး အလုပ်လည်းအလွန်ကြိုးစားကြတဲ့စုံတွဲဖြစ်ပါတယ်။

(၃) Catherine Zeta Jones and Michael Douglas

Source : E! Online

Catherine နဲ့ Douglas စုံတွဲကတော့ အိမ်ထောင်သက် အနှစ် ၂၀နီးပါးရှိပါပြီ။ သူတို့နှစ်ယောက်တွေ့ကြတုန်းက Douglas က သူမကလေးတွေရဲ့ ဖခင်ဖြစ်ပါရစေလို့ပြောပြီး Catherine ကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ အခုဆိုရင်တော့အရမ်းချစ်ကြတဲ့ သူတို့စုံတွဲဟာလက်ထပ်ပြီး ကလေး၃ဦးရှိနေပါပြီ။

(၄) Sarah Jessica Parker and Matthew Broderick

Source : Hello Magazine

ဒီစုံတွဲကတော့ လက်ထပ်ထားတာ ၂၃နှစ်တောင်ရှိပါပြီ။ သူတို့စတွေ့ခဲ့တာကတော့ မင်းသမီးရဲ့အကိုကမိတ် ဆက်ပေးလို့ပါတဲ့။ တခြားအနုပညာရှင်စုံတွဲတွေလို ကြီးကျယ်ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ လက်ထပ်ခဲ့ကြတာမဟုတ်ဘဲ ရိုးရာပုံစံလက်ထပ်ခဲ့ကြပါတယ်။ ၂၀၀၂ ခုနှစ်မှာ သားတယောက်ထွန်းကားခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ချစ်စရာအမွှာသမီးကလေး၂ ယောက်ထွန်းကားခဲ့ပါတယ်။