WWE လို့ ခေါ်တဲ့ ကမ္ဘာ့နပန်းသတ်မှု ဖျော်ဖြေရေးအဖွဲ့ကြီးရဲ့ သမိုင်းကြောင်းကို ပြောရင် ၁၉၅၀ ပြည့်လွန်နှစ်တွေကို ပြန်သွားရမှာပါ။ WWE ဖြစ်လာမယ့် Capitol Wrestling Corporation (CWC) အဖွဲ့အစည်းကြီးကို ၁၉၅၃ ခုနှစ်မှာ ဗင်းဆင့် ဂျေမက်စ်မက်ဟွန်းက တည်ထောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာ WWE သမိုင်းမှာ အခုပြောမယ့် ဖိုက်တာတွေလောက် WWE ချန်ပီယံဆုကို အချိန်ကြာကြာ ထိန်းထားနိုင်သူတွေ မပေါ်ခဲ့ဖူးဘူးလို့ ပြောချင်ပါတယ်။
(၁) Bruno Sammartino

Photo: complex
အီတလီဖွား ဘရူနို ဆန်မာတီနိုဆိုတာ WWE ရဲ့ အစောပိုင်းနှစ်တွေက အကျော်ကြားဆုံး ပရော်ဖက်ရှင်နယ် နပန်းသမားတစ်ဦးပါ။ ၁၉၆၃ ကနေ ၁၉၇၁ ခုနှစ်အထိ ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၇၃ ကနေ ၁၉၇၇ ခုနှစ်တိုင်အောင် သူက ကြိုးဝိုင်းဘုရင်ပါပဲ။ ၁၁ နှစ်ကျော်ကြာ ချန်ပီယံအဖြစ် ရပ်တည်ခဲ့တာကြောင့် ရက်အနေနဲ့ တွက်ကြည့်မယ်ဆိုရင် ရက်ပေါင်း ၄၀၄၀ အထိ ကြာခဲ့တယ်လို့ ဆိုရမှာပါ။ WWE အဖွဲ့ကြီးကို နှစ်ပေါင်းများစွာ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာကြောင့် သူဟာ ၂၀၁၃ ခုနှစ်တိုင်အောင် WWE ရဲ့ ကျော်ကြားသူတဲ့နေရာ Hall Of Fame မှာ ထည့်သွင်းဖော်ပြခြင်း မခံခဲ့ရပါဘူး။
(၂) Hulk Hogen

Photo: baltimoresun
ထူးခြားလှတဲ့ နှုတ်ခမ်းမွေးတွေနဲ့ တစ်မျိုးတစ်ဖုံ ကွဲပြားနေတဲ့ တယ်ရီ ယူဂျင်းဘိုလီယာကို ကြိုးဝိုင်းထဲမှာ ဟော့ခ်ဟိုဂန်လို့ လူသိများပါတယ်။ အနားယူသွားပြီ ဖြစ်တဲ့ အမေရိကန်နပန်းအကျော်အမော်ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတော့ ကမ္ဘာတလွှားက အကျော်ကြားဆုံး နပန်းသမားဖြစ်ခဲ့ပါတယ်။ ဟိုဂန်ဟာ WWE သမိုင်းမှာ ဒုတိယသက်တမ်းအကြာဆုံး ချန်ပီယံအဖြစ် ၆ နှစ်နီးပါး (၂၁၈၅ ရက်) ကြာ ရပ်တည်ခဲ့ပါတယ်။ ၁၉၈၄ မှာ သူဟာ Iron Sheik ကို အနိုင်ယူခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ ချန်ပီယံဆုကို ထိန်းထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
(၃) Bob Backlund

Photo: wwe
WWE သမိုင်းရဲ့ တတိယအချိန်အကြာဆုံး ချန်ပီယံခါးပတ်ကို ကိုင်ထားနိုင်သူက ဘော့ပ် ဘက်ခ်လွန်းဖြစ်ပါတယ်။ ဘက်ခ်လွန်းဟာ ၁၉၇၈ မှာ ဘီလီ ဂရာဟမ်ကို အနိုင်ယူပြီး ခါးပတ်ကို ၁၉၈၃ ခုနှစ်အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီနောက်မှာ Iron Sheik ကို ရှုံးပြီး ခါးပတ်လွှဲပြောင်းပေးခဲ့ရပါတယ်။ သူလည်း ၆ နှစ်နီးပါး ရက်အားဖြင့် ရက်ပေါင်း ၂၁၅၈ ရက်တိုင်တိုင် ချန်ပီယံခါးပတ်ပိုင်ရှင် ဖြစ်ခဲ့တာပါ။
(၄) John Cena

Photo: thesportsrush
ရုပ်ရှင်လောကထဲ ဝင်ရောက်သွားပြီဖြစ်တဲ့ ဂျွန်စီနာဟာ WWE ချန်ပီယံခါးပတ်ကို ၃ နှစ်ကျော်ကြာ (၁၃၉၅ရက်) အထိ ကိုင်မြှောက်ခွင့်ရခဲ့ပါတယ်။ ဂျွန်စီနာဟာ WWE ရော ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံရှစ်ပွဲစဉ်တွေပါ ထိုးသတ်ခဲ့သူဖြစ်ပြီး နှစ်ခုပေါင်း ဆု ၁၅ ကြိမ် ရခဲ့သူလည်း ဖြစ်ပါတယ်။
(၅) Triple H

Photo: thesportsrush
Triple H ဟာ ၁၃ ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ချန်ပီယံဆုကို ထိန်းထားနိုင်ချိန်က သိပ်မကြာခဲ့ပေမယ့် သူဟာ WWE လောကမှာ ချန်ပီယံရှစ်အများဆုံးရတဲ့ နပန်းသမားတွေထဲမှာ ထိပ်ဆုံးက ပါနေတပါတယ်။ WWE ချန်ပီယံ ၉ ကြိမ်နဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ၅ ကြိမ် ဆုရှင်ဟာ ပထမဆုံး WWE ချန်ပီယံရှစ်ကို ၁၉၉၉ မှာ ရခဲ့တာပါ။ သူ့ရဲ့ ချန်ပီယံသက်တမ်းဟာ ၃ နှစ်ကျော်ကြာခဲ့ပြီး ရက်အားဖြင့် ရက်ပေါင်း ၁၁၅၁ ရက် ဖြစ်တယ်လို့ ဆိုပါတယ်။
Featured Photo: baltimoresun
