Jahan Yousaf နဲ့ Yasmine Yousaf တို့ ညီအစ်မနှစ်ယောက်ရဲ့ ဒီအဖွဲ့ဟာ ၂၀၀၇ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး World TOP100 DJs List ထဲကို ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၅ ခုနှစ်တွေမှာ ၃ နှစ် ဆက်တိုက် ပါဝင်ခဲ့သလို လက်ရှိမှာလည်း ကမာ့္ဘအကောင်းဆုံး အမျိုးသမီး DJ (TOP100 Djanes 2019) ထဲမှာ အဆင့် ၆ နေရာ၌ ရပ်တည်နေပါတယ်။

Krewella ရဲ့ “Alive” Music Video ဟာ YouTube မှာ ကြည့်ရှုသူ ၇၃ သန်းကျော်တဲ့အထိ အောင်မြင်မှုရခဲ့သလို … အခုထွက်ရှိထားသော Yellow Claw နဲ့ Collab လုပ်ထားတဲ့ “New World” ဟာလည်း အရမ်းအောင်မြင်နေပြီး ၂လအတွင်း YouTube မှာ ကြည့်ရှုသူ ၅.၆သန်းကျော်ရှိနေပါပြီ ။

ကြုံတောင့်ကြုံခဲလှတဲ့ သူတို့ရဲ့ Live Performance အကြမ်းစားကြီးတွေ မီယန်မာဝေဖာတွေ မျက်ဝါးထင်ထင်မြင်တွေ့ချင်တယ်ဆိုရင်တော့ အောက်ပါပေးထားတဲ့ ဗွီဒီယိုတွေထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Krewella: Alive

Source: Vevo

Krewella x Yellow Claw: New World

Source: Vevo

Krewella : Runaway

Source: Vevo