တစ်နေ့တာအတွက် ရေအလုံအလောက်သောက်ပေးခြင်းက ဝိတ်ကျဖို့ကူညီပေးနိုင်ပေမယ့် အချိန်အတိုအတွင်း ဝုန်းဒုန်းကျသွားမှာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ ပုံမှန်တစ်စိုက်မတ်မတ်လုပ်ဆောင်မယ်ဆိုရင်တော့ သိသာတဲ့ရလဒ်တစ်ခုကို ရစေမှာပါ။ ဒီနေ့တော့ ဝိတ်ကျအောင် ရေကိုဘယ်လိုနည်းနဲ့သောက်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁)  လုံလောက်အောင်သောက်ပါ

Source : Freepik

တစ်နေ့တာအတွက် ရေများများသောက်ပေးတာက ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေပြီး ကျန်းမာစေရုံသာမက ဆာလောင်မှုဒဏ်ကိုလည်း လျော့ကျသက်သာစေပါတယ်။ လေ့လာသူတွေကတော့ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် အနည်းဆုံး ရေဖန်ခွက် ၁၃ ခွက်ခန့်သောက်ပေးသင့်ပြီး အမျိုးသမီးတွေကတော့ ၉ ခွက်ခန့်သောက်ပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

(၂) အချိုရည်တွေအစားရေသောက်ပါ

Source : Freepik

သကြားပါဝင်မှုများတဲ့အချိုရည်တွေ အားဖြည့်အချိုတွေက ကယ်လိုရီပါဝင်မှုအလွန်များတာကြောင့် ဝိတ်တက်စေနိုင်ပါတယ်။ သင်က ဝိတ်လည်းကျချင်တယ် အချိုရည်တွေလည်းနေ့တိုင်းသောက်နေမိတယ်ဆိုရင်တော့ အခုကစပြီး အချိုရည်အစား ရေပဲသောက်ပေးပါ။ ရေက ကိုယ်အလေးချိန်အတွက်လည်း စိတ်ချရတဲ့ အန္တရာယ်အကင်းဆုံး သောက်စရာတစ်ခုပါ။

(၃) သစ်သီးများနဲ့ရောစပ်သောက်ပါ

Source : Freepik

ကျန်းမာရေးအတွက်လည်းကောင်းမွန်ပြီး ခန္ဓာကိုယ် ကိုယ်တွင်းအဆိပ်အတောက်တွေလည်း ဖယ်ရှားသန့်စင်ပေးကာ ဝိတ်ကျစေဖို့အတွက် ရေကို သစ်သီးများစိမ်သောက်နိုင်ပါတယ်။ ရေကို စတော်ဘယ်ရီသီး ၊ လီမွန်သီး ၊ ပန်းသီး ၊ သခွားသီးစသည်ဖြင့် ကြိုက်နှစ်သက်ရာသစ်သီးတွေ စိမ်သောက်တာက အရသာအားဖြင့်လည်း ဆွဲဆောင်မှုရှိသလို ဝိတ်ကျဖို့အတွက်လည်း ပိုပြီးအထောက်အကူဖြစ်စေပါတယ်။

(၄) အစားမစားခင်ရေသောက်ပါ

Source : Freepik

၁၂ ပတ်ကြာလေ့လာမှုတစ်ခုအရ အစားမစားခင်ရေသောက်တာက ၄.၄ ပေါင်အထိ ဝိတ်ကျစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ အစားမစားခင်ရေသောက်တဲ့အခါ ဗိုက်ပြည့်အင်စေပြီး အစားစားချင်စိတ်ကိုလျော့ချပေးပါတယ်။ ဒါကြောင့် ထမင်းမစားခင် ၁၅ မိနစ်အလောက်အလိုမှာ ရေတစ်ခွက်လောက်သောက်ပေးပါ။