၂၀၂၁ ခုနှစ် နှစ်သစ်ကိုရောက်ပြီဆိုတော့ ရည်မှန်းချက်အသစ်တွေ ပြောင်းလဲမှုအသစ်တွေနဲ့ နှစ်သစ်ကို စတင်ကြရမှာပါ။ ပြီးခဲ့တဲ့နှစ်မှာ ကိုယ့်ကိုယ်ကိုချစ်ဖို့မေ့လျော့နေခဲ့တယ်ဆိုရင်တောင် အခုကစပြီး ကိုယ့်ကိုယ်ကိုပိုချစ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုချစ်တာက ဖြတ်သန်းရမယ့်ဘဝတလျောက်လုံးမှာ ကောင်းမွန်တဲ့အကျိုးရလဒ်တွေရစေပါတယ်။ ဘာတွေလဲဆိုတော့
ရင့်ကျက်လာစေတယ်

Source : Bohatyotec.sk
ကိုယ့်ကိုယ်ကိုချစ်ခြင်းက ကျန်းမာသန်စွမ်းခြင်းတွေနဲ့ ဘဝအတွေ့အကြုံများစွာကြားမှာကြံ့ကြံ့ခိုင်နိုင်တဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်စေမယ့် ရင့်ကျက်ခြင်းတွေကိုရရှိစေပါတယ်။ ဘဝမှာတွေ့ကြုံရမယ့် စိန်ခေါ်မှုအသစ်တွေမှာကောင်းမွန်တဲ့ရလဒ်တွေထွက်ဖို့ စွမ်းဆောင်နိုင်စွမ်းတိုးတက်စေဖို့ ကိုယ့်ကိုယ်ကိုချစ်ခြင်းကလွန်စွာအရေးပါပါတယ်။
ယုံကြည်မှုတိုးစေတယ်

Source : Creative Market
ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးခြင်းက သင့်အနေနဲ့ ဘဝမှာ ဘာပဲလုပ်လုပ်ကောင်းမွန်စွာလုပ်နိုင်ခြင်း မည်သည့်အတားအဆီးတွေကို မဆိုကောင်းစွာကိုယ်တွယ်ဖြေရှင်းနိုင်ခြင်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ခြင်းစတဲ့ ကောင်းမွန်တဲ့ခံစားချက်တွေကိုရရှိစေပါတယ်။ ကိုယ်ကိုယ့်ကိုချစ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့နေ့ရက်တွေတိုင်းကို ယုံကြည်မှုရှိစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။
စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေခံစားလာရမယ်

Source : Eat This, Not That
လူအများစုထင်ထားတာက တခြားသူတွေကို အချစ်တွေပေးတာက ပျော်ရွှင်ရစေတယ်လို့ လက်ခံထားကြတာပါ။ ဒါဟာအတိုင်းအတာတစ်ခုထိတော့မှန်ပေမယ့် စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုခံစားရစေတာကတော့ ကိုယ့်ကိုယ်ကိုချစ်ခြင်းမှ တပါးတခြားမရှိနိုင်ပါဘူး။ဒါကြောင့် သင့်ဘဝမှာပျော်ရွှင်မှုအစစ်အမှန်ကိုခံစားရစေချင်ရင် ကိုယ့်ကိုယ်ကိုချစ်ဖို့မမေ့သင့်ပါဘူးနော်။
