ကိုယ်သောက်နေတဲ့ ယမကာတွေကြောင့် ဘောင်းဘီတွေ ကျပ်လာပြီဆိုရင် ကယ်လိုရီအနည်းဆုံးပါတဲ့ အယ်လ်ကိုဟောကို ပြောင်းသောက်ဖို့အကြံပေးချင်ပါတယ်။ ကယ်လိုရီနည်းတဲ့ အယ်လ်ကိုဟောတွေက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ကဲ ယမကာနဲ့ မကင်းနိုင်တဲ့ ကွီးတို့အတွက် ကယ်လိုရီနည်းတဲ့ ယမကာတွေကတော့-

(၁) ဗော့ဒ်ကာ

Lowest-Calorie-alcohol-vodka

Photo: manofmany

ဗော့ဒ်ကာက ကယ်လိုရီပါဝင်မှု သိပ်နည်းပါတယ်။ နောက်တစ်ချက်က ဗော့ဒ်ကာသောက်ရင် များသောအားဖြင့် သံပရာတို့ ဆိုဒါတို့နဲ့ သောက်လေ့ရှိပါတယ်။ နွေရာသီမျိုးမှာ ကယ်လိုရီအနည်းဆုံး အယ်လ်ကိုဟော‌သောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဗော့ဒ်ကာသောက်ပါ။ ဗော့ကာတစ်ခွက်မှာမှ ၉၇ ကယ်လိုရီ လောက်ပဲ ပါတာပါ။ Zero Sugar ဗော့ဒ်ကာသံဗူးတစ်ဗူးမှာ ၉၉ ကယ်လိုရီပဲ ပါပါတယ်။

(၂) တက်ကီလာ

Tequila

Photo: manofmany

ကယ်လိုရီအနည်းဆုံး ယမကာထဲမှာ တက်ကီလာကို ထိပ်ဆုံးကတောင် ထည့်ပြောရမှာပါ။ ဗော့ဒ်ကာလိုပဲ ကာဗွန်ဟိုက်ဒရိတ်နဲ့ သကြား မပါတဲ့ ယမကာပါ။ တက်ကီလာဟာ သွေးတွင်းသကြား Level မတက်ချင်သူတွေ သောက်သင့်တဲ့ ယမကာတစ်ခု ဖြစ်ပြီး ကယ်လိုရီနည်းတာကြောင့် ကိုလက်စထရောကျပြီး ကိုယ်အလေးချိန်ပါ ကျစေနိုင်ပါတယ်။ တက်ကီလာတစ်ခွက်မှာ ကယ်လိုရီပါဝင်မှုက ၆၉ ကယ်လိုရီ ဖြစ်ပါတယ်။

(၃) ဂျင်

Lowest-Calorie-alcohol-gin

Photo: manofmany

ကော့တ်တေးလုပ်သောက်တဲ့ ယမကာအဖြစ် နာမည်ကြီးတဲ့ ဂျင်ကလည်း ကယ်လိုရီနည်းပါတယ်။ ပုံမှန်ဆို ကယ်လိုရီပါဝင်မှုဟာ တစ်ခွက်မှာ ၁၁၀ ကယ်လိုရီပဲ ရှိပါတယ်။ ကယ်လိုရီအနည်းဆုံး ဂျင်အရက်ကတော့ သဘာဝဆေးဖက်ဝင်အသီးအရွက်တွေ သုံးပြီး ပေါင်းခံထုတ်လုပ်တာပါ။ ဂျင်မှာလည်း ကာဘွန်ဟိုက်ဒရိတ်နဲ့ သကြားပါဝင်မှု 0g ဖြစ်ပါတယ်။

(၄) ဝိုင်နီ

red-wine

Photo: manofmany

ဝိုင်နီတစ်ရက်ကို နှစ်ခွက်နှုန်း သောက်ပေးတာက ကျန်းမာရေးအတွက် ကောင်းကျိုးများပါတယ်။ အရက်တွေထဲမှာတော့ အကောင်းအပြောခံရဆုံး ယမကာထဲမှာ ဝိုင်နီက ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ယမကာတွေနဲ့ စာရင် ဝိုင်နီက ကယ်လိုရီပါဝင်မှု နည်းနည်း ပိုများပါတယ်။ ဝိုင်နီတစ်ခွက်မှာ ၁၂၅ ကယ်လိုရီ ၊၃.၈ ဂရမ် ကာဗွန်ဟိုက်ဒရိတ်နဲ့ သကြား ၁ ဂရမ် ပါတယ်လို့ ဆိုပါတယ်။

(၅) ရမ်

Lowest-Calorie-alcohol-rum

Photo: manofmany

ရမ်တွေကို ကြံသကာနဲ့ ကြံထွက်ပစ္စည်းတွေသုံးပြီး ထုတ်လုပ်ထားတာပါ။ ရမ်အနည်းငယ်သောက်ပေးတာဟာ စိတ်ရှုပ်ထွေးမှုကို သက်သာပြီး ညဘက်အိပ်လို့ကောင်းစေပါတယ်။ ကယ်လိုရီပါဝင်မှုအနေနဲ့ ၉၇ ကယ်လိုရီ ရှိပါတယ်။