လူစီဖာလို့ အမည်ရတဲ့ ကောင်းကင်တမန်ဖြစ်ခဲ့ဖူးသူ နတ်ဆိုးရဲ့ အကြောင်းကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ Lucifer ဇာတ်လမ်းတွဲကို ပရိသတ်တွေ တော်တော်များများက ကြိုက်နှစ်သက်ကြပြီး ထိုဇာတ်လမ်းတွဲမှာပါတဲ့ ဇာတ်ဝင်တေး များသည်လည်း မြူးမြူးကြွကြွနဲ့ အင်မတန်မှ နားထောင်လို့ကောင်းပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ လူစီဖာသည် နတ်ဆိုးတစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူစီဖာကို နတ်ဆိုးလို ပုံဖော်ထားပေမယ့် သူ့ရဲ့အမှောင်အခြမ်းအပြင် အကောင်းဘက်အခြမ်းကိုလည်း ရိုက်ကူးကာ ဖော်ပြထားတာဖြစ်ပါတယ်။ သူ့မှာ Season ပေါင်း ၆ ခု ပါရှိပြီး Season တစ်ခုချင်းစီအလိုက်လည်း အပိုင်းဆက်လေးတွေရှိပါတယ်။

Lucifer ဇာတ်ဝင်တေး

Photo: Social News XYZ

သီချင်းမြူးမြူးလေးတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အနေနဲ့ Lucifer ဇာတ်လမ်းတွဲရှိ ဇာတ်ဝင်တေး များကို နားဆင်ခံစားနိုင်ပါတယ်။

I’m Gonna do My Thing – Royal Deluxe

Source: Position Music

Season 1 ရဲ့ ပထမပိုင်းကို ကြည့်လိုက်မယ်ဆိုရင်တော့ ဒီသီချင်းနဲ့ အစဖွင့်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒီသီချင်းကတော့ Royal Deluxe အဖွဲ့ရဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

Confident – Demi Lovato

Source: Demi Lovato

Demi Lovato ပရိသတ်တွေအတွက် Confident သီချင်းသည်လည်း မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ကောင်းပါတယ်။

Take Me Away – Clooney

Source: SuperpopCoMusic

ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်ဓာတ်ကျသလို ခံစားနေရတယ်ဆိုရင်တော့ ဒီသီချင်းလေးသာ ဖွင့်ပြီး ကခုန်လိုက်ပါ။ စိတ်ညစ်စရာများ ပျောက်သွားပါလိမ့်မယ်။

I’m a Wanted Man – Royal Deluxe

Source: Position Music

ဒီသီချင်းသည်လည်း Royal Deluxe အဖွဲ့ရဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

Dangerous – Royal Deluxe

Source: Position Music

Dangerous သီချင်း နားထောင်ပြီးသွားတဲ့အခါမှာတော့ သင်သည် Royal Deluxe ရဲ့ ဖန်အကြီးစား ဖြစ်သွားပါလိမ့်မယ်။

King Of Pain – The Police

Source: stereomusicvideo

ဒီသီချင်းလေးကတော့ Lucifer Season 2 ရဲ့ အပိုင်း (၂) မှာ ကြားရမယ့် ဇာတ်ဝင်တေး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

I Want To Be Evil (Feat. Lesley Ann-Brandt)

Source: WaterTower Music

Lesley Ann-Brandt ကတော့ တောင်အာဖရိက သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မက်ဇီကင် ကာရိုက်တာအဖြစ် သရုပ်ဆောင်တာဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ Season 5 အပိုင်း (၄) မှာ ကြားရမှာဖြစ်ပါတယ်။ မက်ဇီကင်ရဲ့ မိခင်အဖြစ်လည်း မက်ဇီကင်ပဲ ပြန်လည်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီသီချင်းကိုလည်း သူကိုယ်တိုင် သီဆိုထားတာဖြစ်ပါတယ်။

The Passenger – Iggy Pop

Source: Iggy Pop Official

ဒီသီချင်းလေးကတော့ Iggy Pop ရဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။

Bad Decisions – Girlhood

Source: It’s not just Playlist

ဒီသီချင်းလေးက မြူးမြူးကြွကြွလေးဆိုပေမယ့် သီချင်းစာသားတွေက ဝမ်းနည်းကြေကွဲဖွယ်ကောင်းတာကြောင့် အသည်းကွဲဓာတ်ခံရှိသူများအတွက်တော့ အနာပေါ် ဆားဖြူးသလို ဖြစ်သွားစေနိုင်ပါတယ်။

The Lady Is A Tramp

Source: Salvation Comics

ဒီသီချင်းကတော့ Season 6 အပိုင်း (၂) ထဲမှာပါတဲ့သီချင်းတစ်ပုဒ်ပါ။ လူစီဖာ ဇာတ်ကောင်တစ်ဖြစ်လည်း Tom Ellis သည် ဒီစီးရီးထဲမှာ သီချင်းအဆိုရဆုံး ကာရိုက်တာတစ်ခုဖြစ်ပါတယ်။ ဒီသီချင်းမှာလည်း သူကိုယ်တိုင် သီဆိုထားတာကို နားဆင်ခံစားရပါလိမ့်မယ်။

Featured Image: Amazon