ကိုယ်မွေးတဲ့ လနဲ့ ရာသီခွင်အလိုက် လူတွေမှာ ကံကောင်းစေတဲ့ အရောင်နဲ့ အဆောင်တွေ ရှိတတ်တယ်လို့ ဗေဒင်နက္ခတ်ပညာရှင်တွေက ဆိုပါတယ်။ အဝတ်အစားဝယ်မယ်ဆိုရင် ကိုယ့်နက္ခတ်နဲ့ ကိုက်တဲ့ အရောင်လေးပါ ရွေးဝယ်ထားတော့ ပိုအဆင်ပြေပါတယ်။ ကဲ.. ကိုယ်က ဘယ်လိုအရောင်နဲ့ဆို Lucky ဖြစ်မလဲ ကြည့်ရအောင်ပါ။

(၁) Aries

Aries

Photo: indiatvnews

မိဿရာသီဖွားတွေဟာ မီးကို ကိုယ်စားပြုလို့ အနီရင့်ရင့်ဝတ်တာက သူတို့ရဲ့ ထက်သန်ပြီး အားကောင်းတဲ့စရိုက်နဲ့ အကောင်းဆုံးလိုက်ဖက်ပါတယ်။ ငြိမ်းချမ်းအေးမြမှုကို ဆောင်ချင်ရင် အဖြူ ၊ ပန်းရောင်နဲ့ အဝါရောင်တို့ကိုလည်း ဝတ်ဆင်နိုင်ပါတယ်။ ရှောင်ရမယ့် အရောင်တွေကတော့ အပြာနဲ့အနက်တို့ ဖြစ်ပါတယ်။

(၂) Taurus

taurus

Photo: indusscrolls

ပြိဿဖွားတွေဟာ မြေဓါတ်ကို ကိုယ်စားပြုပြီး ပန်းရောင် ၊ ခရမ်နဲ့ အဖြူရောင်တွေ ဝတ်တာဟာ သူတို့ရဲ့ တည်ငြိမ်မှုနဲ့ အေးဆေးခြင်းကို ပိုပြီး ပံ့ပိုးပေးနိုင်ပါတယ်။ ပြိဿဖါားတွေကို ကံကောင်းစေတဲ့ အရောင်တွေထဲမှာ အစိမ်းရောင်နဲ့ မြေဆန်တဲ့ အညိုရောင်တွေလည်း ပါဝင်ပါတယ်။ ရှောင်ရမယ့်အရောင်ကတော့ အနီရောင်ပါ။

(၃) Gemini

Gemini

Photo: icoginix

မေထုန်ဖွားတွေဟာ လေဓါတ်နဲ့ လာပြီး ဖန်တီးမှုကောင်းတဲ့စရိုက်ပိုင်ရှင်တွေ ဖြစ်တတ်ပါတယ်။ သူတို့အတွက် အစိမ်းရောင်ဟာ အကောင်းမြင်မှုနဲ့ အောင်မြင်ခြင်းတွေ ယူဆောင်ပေးနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ မင်္ဂလာရှိတဲ့ အရောင်တွေထဲမှာ အဝါ ၊ ပန်းရောင်နဲ့ အဖြူတို့လည်း ပါပြီး ရှောင်ရမှာက အပြာနဲ့ အနီရောင်တို့ ဖြစ်ပါတယ်။

(၄) Cancer

Cancer

Photo: thenationpress

ကရကဋ်ဖွားတွေဟာ လဓါတ်အုပ်စိုးနေပြီး အပြာရောင် ၊ ပင်လယ်စိမ်းရောင် ၊ နို့နှစ်အဖြူတို့နဲ့ လိုက်ဖက်ပါတယ်။ အဝါရောင်ကိုလည်း ကရကဋ်ဖွားတွေအတွက် ထိုးထွင်းသိမြင်နိုင်စွမ်း ကြိုတင်ခန့်မှန်းနိုင်မှုတွေကို ပေးရာမှာ အထောက်အကူပြုတဲ့အရောင်အဖြစ် ယူဆထားပါတယ်။ အနက်ရောင်ကိုတော့ ရှောင်ရမှာပါ။

(၅) Leo

Leo

Photo: popsugar

သိဟ်ရာသီဖွားတွေဟာ နေက အုပ်စိုးပြီး မီးဓါတ်သမားတွေ ဖြစ်လို့ ပေါ်လွင်ထင်ရှားတာ ၊ လူတွေအာရုံစိုက်တာကို နှစ်သက်တာတွေက သူတို့သဘာဝပါ။ အရောင်ကိုလည်း လိမ္မော်ရောင်ဟာ သူတို့စရိုက်နဲ့ လိုက်ဖက်ပြီး ကံကောင်းစေတဲ့အရောင်အဖြစ် ဝတ်ဆင်သင့်ပါတယ်။ တခြားအရောင်တွေအနေနဲ့ ခရမ်းနဲ့ အနီရောင်တွေ ဝတ်နိုင်ပါတယ်။ ဖျော့တော့တဲ့အရောင်တွေတော့ မဝတ်ဘဲ ရှောင်သင့်ပါတယ်။

(၆) Virgo

Virgo

Photo: beano

ကန်ရာသီဖွားတွေအတွက် သိပ်မတောက်ပတဲ့ ခပ်ဖျော့ဖျော့ အပြာ ၊ ပန်းဖျော့ကာလာတွေ ၊ အစိမ်းရောင်သန်းတဲ့ ကာလာတွေ ဝတ်သင့်ပါတယ်။ အနီရောင်ကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။

(၇) Libra

Libra

Photo: timesnownews

တူရာသီခွင်တွေအတွက် အပြာလွင်လွင် ၊ အဖြူ ၊ ပန်းရောင်နဲ့ နည်းနည်းတောက်ပတဲ့ ကာလာတွေ ဆင်သင့်ပါတယ်။ ကန်ရာသီခွင်တွေလိုပဲအနီရောင်ကို ရှောင်ကြဉ်သင့်ပါတယ်။

(၈) Scorpio

scorpio-zodiac-sign-

Photo: Women’s Health

ဗြိစ္ဆာသမားတွေဟာ ခံစားမှုမြင့်မားတဲ့လူတွေ ဖြစ်ပြီး နီညိုရောင် ၊ မရမ်းရောင် ၊ အနီ ၊ အစိမ်းနဲ့ အနက်ရောင်တွေက သူတို့နဲ့ လိုက်ဖက်ပြီး အပ်စပ်မှုရှိတဲ့ အရောင်တွေ ဖြစ်ပါတယ်။ ရှောင်ရမှာက အရောင်ဖျော့အရောင်မှိန်တွေပဲ ဖြစ်ပါတယ်။

(၉) Sagittarius

sagittarius-zodiac-sign

Photo; stylecaster

ဓနုဖွားတွေဟာ လူချစ်လူခင်အများဆုံးပုဂ္ဂိုလ်တွေထဲမှာ ပါပါတယ်။ ဉာဏ်ထက်ပြီး ဖော်ရွေမှုရှိတဲ့လူတွေလည်း ဖြစ်ပါတယ်။ သူတို့အတွက် အဝါရင့်ရင့်နဲ့ လိမ္မော်ရောင်တွေ ၊ နို့နှစ်ရောင် ၊ အစိမ်းနဲ့ အဖြူရောင်တွေက ကံကေင်းစေတဲ့ အရောင်တွေပါပဲ။ အပြာရောင်ကိုတော့ ရှောင်ဖို့ လိုပါတယ်။

(၁၀) Capricorn

capricorn

Photo: thepacepress

မကာရတွေအတွက် ကာကီ နဲ့ အညိုရောင်တွေက ကံကောင်းစေတဲ့ အရောင်တွေပါ။ အနက်ရောင် ၊ ခရမ်းရောင် ၊ အစိမ်းရင့်‌ရောင်တွေလည်း ဝတ်ဆင်သင့်ပြီး အနီနဲ့ အဝါတွေကိုတော့ ရှောင်ကြဉ်ရမှာပါ။

(၁၁) Aquarius

Aquarius

Photo: indiatvnews

ကုံရာသီဖွားတွေအတွက် ခရမ်းရောင် ၊ မရမ်းရောင်နဲ့ အပြာရောင်တွေက သူတို့ရဲ့ စရိုက်နဲ့ လိုက်ဖက်မှုရှိပါတယ်။ အဖြူနဲ့ တောက်တောက်ပပအရောင်တွေကိုလည်း ကံကောင်းစေတဲ့အရောင်တွေအဖြစ် သတ်မှတ်ထားပါတယ်။ ရှောင်ရမယ့်အရောင်တွေကတော့ အစိမ်းရောင် ဖြစ်ပါတယ်။

(၁၂) Pisces

Pisces

Photo: scentbird

မိန်ဖွားတွေအတွက် အဝါရောင်နဲ့ လိမ္မော်ရောင်က အကောင်းဆုံးဖြစ်ပါတယ်။ အဖြူနဲ့ပန်းရောင်တွေကိုလည်း မိန်ရာသီခွင်တွေအတွက် ကံကောင်းစေတဲ့အရောင်တွေလို့ သတ်မှတ်ထားပြီး တောက်ပတဲ့အရောင်တွေ ၊ အစိမ်းနဲ့ မရမ်းရောင်တွေ ရှောင်ပေးဖို့ လိုပါတယ်။