ဇွန်လ (၄) ရက်နေ့မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ဖရန့်ဖတ်အသင်းမှ ဆားဘီးယား လက်ရွေးစင်တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူနိုင်သွားခဲ့ပြီးဖြစ်ကြောင်း တရားဝင်ကြေငြာသွားခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ်လူငယ်ကစား သမားလူကာဂျိုဗစ်ဟာ လာမယ့်ဘောလုံးရာသီမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ပြောင်းရွှေ့ကစားသွားမှာဖြစ်ပြီး ယခုနှစ် (၂၀၁၉) ဇွန်ကနေ လာမယ့် (၂၀၂၅) ခုနှစ် ဇွန်လအထိ (၆) နှစ်စာ စာချုပ်သက်တမ်းချုပ်ဆိုသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း တိုက်စစ်မှူး လူကာဂျိုဗစ်ရဲ့ ပြောင်းရွေ့ကြေးကိုတော့ နှစ်သင်းစလုံး အတိအကျထုတ်ပြန် ကြေညာခြင်းမရှိသေးဘူးပဲ ဖြစ်ပါတယ်။

Source : Fear The Wall

စပိန်သတင်းမီဒီယာများကတော့ တိုက်စစ်မှူး လူကာဂျိုဗစ်ရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၆၀) ဝန်းကျင် ပေးချေရနိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းရေးသားထားကြပါတယ်။ ဆားဘီးယား လက်ရွေးစင်တိုက်စစ်မှူး လူကာဂျိုဗစ်ဟာ ဆားဘီးယားအသင်းအတွက် စုစုပေါင်း (၁၃) ပွဲခန့် ပွဲထွက်ကစားထားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဖရန့်ဖတ်အသင်းမှာတော့ ပြိုင်ပွဲစုံသွင်းဂိုးစုစုပေါင်း (၂၇) ဂိုး သွင်းယူပေးထားနိုင်တဲ့ တိုက်စစ်ကစားတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ၊ ဘွန်ဒစ်လီဂါပြိုင်ပွဲတွေမှာ အဆင့် (၇) နေရာရပ်တည်အောင် စွမ်းဆောင်ထားနိုင်တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Source : Metro

ဆားဘီးယားအသင်းအတွက်တော့ တိုက်စစ်မှူး လူကာဂျိုဗစ်ကို လက်လွှတ်ရတာဟာ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။သို့ပေမယ့်လည်း ရီးယဲလ်မက်ဒရစ်အသင်းဘက်မှ ကမ်းလှမ်းထားတဲ့ ပြောင်းရွှေ့ကြေးပမာဏဟာ ငြင်းဆိုဖွယ်မရှိနိုင်လောက်တဲ့ ငွေကြေးပမာဏတစ်ခုဖြစ်တယ်လို့ ဖရန့်ဖတ်အသင်း အားကစားဒါရိုက်တာဖြစ်သူ ဖရက်ဒီဘိုဘစ်က ပြောပါတယ်။

Source : Soccer – NBC Sports

သို့ပေမယ့်လည်း ပြောင်းရွှေ့ကြေးပမာဏကိုတော့ အတိအကျထုတ်ဖော်ပြေကြားခဲ့ခြင်းတော့ မရှိပါဘူး။ (၆) နှစ်တာ စာချုပ်သက်တမ်းချုပ်ဆိုခဲ့တဲ့ တိုက်စစ်မှူးလူကာဂျိုဗစ်ဟာ လာမယ့်ဘောလုံးရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ကောင်းမွန်တဲ့ အနာဂတ်သစ်တစ်ခု ရေးသားဖန်တီးနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။