အီတလီ စီးရီးေအကလပ္ အင္တာမီလန္အသင္းဟာ လာမယ့္ရာသီအတြက္ အသင္းရဲ႕ နည္းျပသစ္အျဖစ္ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းျပေဟာင္း ကြန္တီကို ခန္႔အပ္ၿပီးပါက အသင္းရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ ယူႏုိက္တက္ တုိက္စစ္မွဴး လူကာကူကုိ ေခၚယူဖုိ႔ ႀကိဳးစားလာဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဘယ္လ္ဂ်ီယံ လက္ေရြးစင္ တုိက္စစ္မွဴး လူကာကူဟာ ယူႏုိက္တက္အသင္းမွာ ႏွစ္ႏွစ္ၾကာ ျဖတ္သန္းခ့ဲၿပီးတ့ဲေနာက္ အီတလီ စီးရီးေအသုိ႔ ျပန္လည္ ေျပာင္းေရႊ႕ရန္ ျပင္ဆင္ေနၿပီး ေအစီမီလန္ ၊ ဂ်ဴဗင္တပ္စ္အသင္းတုိ႔နဲ႔ ခ်ိတ္ဆက္မႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရွိရပါတယ္။

Photo Credit : FourFourTwo

အသက္ (၂၅) ႏွစ္ အရြယ္ လူကာကူဟာ ယူႏုိက္တက္အသင္းအတြက္ ၿပိဳင္ပြဲစံု (၄၅) ပြဲမွာ (၁၅) ဂိုးသြင္း ဂုိးဖန္တီးမႈ (၄) ႀကိမ္ ျပဳလုပ္ေပးထားၿပီး လူကာကူက “စီးရီးေအၿပိဳင္ပြဲမွာ ကစားဖုိ႔က ကြ်န္ေတာ့္ရဲ႕ အိမ္မက္ျဖစ္ၿပီး အ့ဲဒီမွာ ကစားႏုိင္ဖုိ႔ ကြ်န္ေတာ္ ေမွ်ာ္လင့္ပါတယ္” ဟု ဖြင့္ဟေျပာၾကားထားဖူးတ့ဲ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။

အင္တာမီလန္ အသင္းဟာ သူတုိ႔ရဲ႕ အဓိက တိုက္စစ္မွဴး တစ္ဦးျဖစ္တ့ဲ အီကာဒီကို လာမယ့္ ေႏြရာသီမွာ လက္လႊတ္ရဖို႔ ရွိေနၿပီး ခ်ဲလ္ဆီး နည္းျပေဟာင္း ကြန္တီသာ အင္တာမီလန္အသင္းကို ကုိင္တြယ္ျဖစ္ခ့ဲပါက အီကာဒီရဲ႕ ေနရာမွာ အစားထုိးဖို႔အတြက္ လူကာကူကို ႀကိဳးစားလာမွာလည္း ျဖစ္ပါတယ္။

Photo Credit : Fox Sports

လူကာကူကုိယ္တုိင္ကလည္း နည္းျပ ဆုိးလ္ရွား ရဲ႕ အနာဂတ္ စီမံကိန္းေတြထဲမွာ မပါဝင္ႏုိင္ေတာ့ဘူးလို႔ ယူဆထားၿပီး လာဇီယိုမွာ ကစားေနတ့ဲ သူ႔နဲ႔ ညီအစ္ကိုေတာ္စပ္တ့ဲ ေဂ်ာ္ဒန္လူကာကူကိုလည္း အီတလီမွာ လာကစားခ်င္ေၾကာင္း ေျပာၾကားခ့ဲဖူးတယ္လို႔ သိရွိရပါတယ္။ ယူႏုိက္တက္အသင္းရဲ႕ အမႈေဆာင္ခ်ဳပ္ျဖစ္သူ အက္ဝုဒ္ဝက္ကလည္း လူကာကူရဲ႕ အေျပာင္းအေရႊ႕ နဲ႔ ပတ္သက္ၿပီး အင္တာမီလန္ အသင္းရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္မ်ားနဲ႔ ယခု ရက္သတၱပတ္အတြင္း ေတြ႕ဆံု ေဆြးေႏြးဖို႔ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။

Photo Credit : Tribuna.com

ဒါေပမယ့္ ယူႏိုက္တက္အသင္းအေနနဲ႔ လူကာကူကုိ ေရာင္းခ်ျဖစ္ခ့ဲပါက အဲဗာတန္အသင္းက ေခၚယူခ့ဲသည့္ ေစ်းႏႈန္းျဖစ္တ့ဲ ေျပာင္းေရႊ႕ေၾကး ေပါင္ (၇၅) သန္း ေတာင္းဆိုရန္ ဆႏၵရွိေနပါတယ္။ အင္တာမီလန္ အသင္းဟာ လာမယ့္ တစ္ပတ္မွာ ကစားမယ့္ အမ္ပိုလီ အသင္းနဲ႔ ရာသီပိတ္ ေနာက္ဆံုးပြဲစဥ္အၿပီးမွာ နည္းျပသစ္ ကိစၥရပ္မ်ားနဲ႔ ပတ္သက္ၿပီး အားလံုးကုိ အၿပီးသတ္ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

(Unicode)

အီတလီ စီးရီးအေကလပ် အင်တာမီလန် အသင်းဟာ လာမယ့် ရာသီ အတွက် အသင်းရဲ့ နည်းပြသစ် အဖြစ် ချဲလ်ဆီး အသင်းရဲ့ နည်းပြဟောင်း ကွန်တီကို ခန့်အပ်ပြီးပါက အသင်းရဲ့ ဦးစားပေး ပစ်မှတ် အဖြစ် ယူနိုက်တက် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ ကြိုးစား လာဖွယ်ရှိကြောင်း သိရှိရပါတယ်။ The Sun သတင်းစာ ရဲ့ ဖော်ပြချက် အရ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ယူနိုက်တက် အသင်းမှာ နှစ်နှစ်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် အီတလီ စီးရီးအေသို့ ပြန်လည် ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီး အေစီမီလန် ၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့ ချိတ်ဆက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ်။

Photo Credit : FourFourTwo

အသက် (၂၅) နှစ် အရွယ် လူကာကူဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၄၅) ပွဲမှာ (၁၅) ဂိုးသွင်း ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ပေးထားပြီး လူကာကူက “စီးရီးအေ ပြိုင်ပွဲမှာ ကစားဖို့ က ကျွန်တော့်ရဲ့ အိမ်မက်ဖြစ်ပြီး အဲ့ဒီမှာ ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။” ဟု ဖွင့်ဟပြောကြားထားဖူးတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ အင်တာမီလန် အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အီကာဒီကို လာမယ့် နွေရာသီ မှာ လက်လွှတ်ရဖို့ ရှိနေပြီး ချဲလ်ဆီး နည်းပြဟောင်း ကွန်တီသာ အင်တာမီလန် အသင်းကို ကိုင်တွယ်ဖြစ်ခဲ့ပါက အီကာဒီရဲ့ နေရာမှာ အစားထိုးဖို့အတွက် လူကာကူကို ကြိုးစားလာမှာလည်း ဖြစ်ပါတယ်။

Photo Credit : Fox Sports

လူကာကူကိုယ်တိုင်ကလည်း နည်းပြ ဆိုးလ်ရှား ရဲ့ အနာဂတ် စီမံကိန်းတွေထဲမှာ မပါဝင်နိုင်တော့ဘူးလို့ ယူဆထားပြီး လာဇီယိုမှာ ကစားနေတဲ့ သူ့နဲ့ ညီအစ်ကိုတော်စပ်တဲ့ ဂျော်ဒန်လူကာကူကိုလည်း အီတလီမှာ လာကစားချင်ကြောင်း ပြောကြားခဲ့ဖူးတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ အမှုဆောင်ချုပ်ဖြစ်သူ အက်ဝုဒ်ဝက်ကလည်း လူကာကူရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး အင်တာမီလန် အသင်းရဲ့ အမှုဆောင် အရာရှိချုပ်များနဲ့ ယခု ရက်သတ္တပတ်အတွင်း တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

Photo Credit : Tribuna.com

ဒါပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ လူကာကူကို ရောင်းချဖြစ်ခဲ့ပါက အဲဗာတန်အသင်းက ခေါ်ယူခဲ့သည့် စျေးနှုန်းဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင် (၇၅) သန်း တောင်းဆိုရန် ဆန္ဒရှိနေပါတယ်။ အင်တာမီလန် အသင်းဟာ လာမယ့် တစ်ပတ်မှာ ကစားမယ့် အမ်ပိုလီ အသင်းနဲ့ ရာသီ ပိတ် နောက်ဆုံးပွဲစဉ်အပြီးမှာ နည်းပြသစ် ကိစ္စရပ်များနဲ့ ပတ်သက်ပြီး အားလုံးကို အပြီးသတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။