မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံကစားသမား လုခ်ရှောဟာ ဇန်နဝါရီလက မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူးပြောကြားခဲ့ပြီး အဝတ်လဲခန်းအတွင်းမှာ ဖာနန်ဒက်စ်ရဲ့ အကျိုးသက်ရောက်မှုဟာ ၎င်းအတွက် အံ့အားသင့်စရာအကောင်းဆုံးဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို စပို့တင်းလစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

Photo: thepeoplesperson

ဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကွင်းအတွင်းမှာ ဖန်တီးနိုင်စွမ်းနဲ့ ပါရမီတွေ ယူဆောင်လာခဲ့ပေမယ့်လည်း လုခ်ရှောက ဖာနန်ဒက်စ်ရဲ့ ကွင်းပြင်ပ သွင်ပြင်လက္ခဏာက အရိုက်ခတ်ဆုံးဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစပါတယ်။

“သူက ကျွန်တော်တို့အတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်”
“ရူးသွပ်စရာအကောင်းဆုံးအရာက သူက အသင်းမှာ ဟိုအရင်ကတည်းက ရှိနေခဲ့တာမဟုတ်ပေမယ့် ကွင်းအတွင်းမှာရော အဝတ်လဲခန်းမှာပါ သူ ယူဆောင်လာတဲ့အရာတွေနဲ့ အရည်အသွေးတွေပါ။ သူက ကျွန်တော်တို့အတွက် ခေါင်းဆောင်လည်း ဟုတ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Source :  BlameFootball

ဘရူနိုဖာနန်ဒက်စ်ရဲ့ ရောက်ရှိလာမှုက မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၁ ပွဲ ရှုံးပွဲမရှိစံချိန်ကို ရရှိစေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့်သာ ရာသီရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။