ဖက်ရှင်ချစ်သူများအတွက် နာရီသည် မရှိမဖြစ်လိုအပ်သော ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ နာရီ ဝတ်ဆင်ခြင်းက သင့်ကို အချိန်မှန်မှန်သိရအောင် ကူညီပေးနိုင်သလို စမတ်ကျနေအောင်လည်း ကူညီပေးပါတယ်။
ကမ္ဘာပေါ်မှာ အကောင်းစားနာရီတံဆိပ်တွေ မရေမတွက်နိုင်အောင် ရှိတဲ့အနက် အလှဆုံး၊ ဈေးအကြီးဆုံးနဲ့ ဒီဇိုင်းအမိုက်ဆုံး ဇိမ်ခံလက်ပတ်နာရီအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
Rolex

နန်းဆန်တဲ့ ဒီဇိုင်းတွေနဲ့ နာရီချစ်သူတွေရဲ့အသည်းနှလုံးကို သိမ်းပိုက်ထားတဲ့ နံပါတ် (၁) နာရီပဲဖြစ်ပါတယ်။ သူ့ကို ၁၉၀၅ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Justin Timberake ၊ David Beckham နဲ့ Kanye West တို့ကို Rolex နာရီဝတ်ဆင်တာကို မကြာခဏတွေ့ရလေ့ရှိပါတယ်။
Audemars Piguet

ဆွစ်ဇာလန်လူမျိုး Jules-Louis Audemars နဲ့ Edward-Auguste Piguet တို့က ၁၈၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီတံဆိပ်က တစ်နှစ်လျှင် နာရီအလုံးရေပေါင်း ၃၆၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပါတယ်။
Vacheron Constantin

Jean-Marc Vacheron ဆိုသူသည် ၁၇၅၅ ခုနှစ်တွင် Geneva မြို့၌ စတင်ထုတ်လုပ်ခဲ့တာပါ။ ဒီနာရီကို ဝတ်ဆင်သူ အများအပြားရှိတဲ့အနက် ကမ္ဘာကျော်ဝတ်ဆင်သူများကတော့ Napoleon Bonaparte ၊ Harry Truman နဲ့ Pope Pius IX တို့ပဲဖြစ်ပါတယ်။
Patek Philippe

Patek Philippe ကတော့ ၁၈၃၉ ခုနှစ်ကတည်းက စတင်ထွက်ရှိခဲ့တဲ့ နာရီဖြစ်ပြီး သူ့ရဲ့ဒီဇိုင်းတွေကလည်း ရင်သပ်ရှုမောဖွယ်အတိပါပဲ။ Queen Victoria ၊ Robert Downey Jr နဲ့ Nicholas Sarkozy တို့ကတော့ ဒီဘရန်းကို စွဲစွဲမြဲမြဲ ဝတ်ဆင်လေ့ရှိပါတယ်။
အခြားသော နာမည်ကြီး ဇိမ်ခံနာရီတွေရဲ့ဒီဇိုင်းတွေကိုလည်း ဆက်လေ့လာကြည့်လိုက်ရအောင်။
Omega

Montblanc

Roger Dubuis

Blancpain

Breitling

IWC SCHAFFHAUSEN

ဒီနာရီတွေရဲ့ရောင်းဈေးကတော့ အနိမ့်ဆုံး ဒေါ်လာ ၂ သိန်းကျော်ကနေ စတင်လေ့ရှိပါတယ်။ Rolex နာရီဆိုရင်တော့ ဒေါ်လာ သိန်း ၁၇၀ ကျော်၊ ၁၈၀ နီးပါးထိ ရောင်းရပါတယ်။
Source: Beautifullife.info
