ပိုက်ဆံအိတ်များသည်လည်း အမျိုးသားများအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပိုက်ဆံအိတ်တွေ ရွေးချယ်တဲ့အခါမှာ ဈေးအကြီးဆုံး Luxury ပိုက်ဆံအိတ် များကို မရွေးချယ်ချင်ရင်တောင်မှ အရည်အသွေးကောင်းတဲ့ ပိုက်ဆံအိတ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါမှ သင့်ရဲ့ဖက်ရှင်သည် တစ်မျိုးတစ်ဖုံလေးနဲ့ ကြည့်ကောင်းနေမှာမဟုတ်လား။
သင့်အနေနဲ့ ဈေးအကြီးဆုံး Luxury ပိုက်ဆံအိတ် များကို နှစ်သက်တယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ထိုပိုက်ဆံအိတ်မျိုး တစ်နှစ်ထက်တစ်နှစ် တိုးကာ တိုးကာ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
ဘယ်အရာတွေက ပိုက်ဆံအိတ်တစ်လုံးကို ဈေးကြီးစေတာလဲ။

အဓိကအားဖြင့်တော့ နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမအချက်ကတော့ ထိုပိုက်ဆံအိတ်ရဲ့ Brand ဖြစ်ပြီး ဒုတိယတစ်ချက်ကတော့ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းတွေကြောင့်ပဲဖြစ်ပါတယ်။ မိကျောင်းသားရေတွေသည် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဖြစ်ပြီး ရှားပါးပစ္စည်းတစ်ခုဖြစ်တာကြောင့် မိကျောင်းသားရေများဖြင့် ပြုလုပ်ထားတဲ့ Luxury ပိုက်ဆံအိတ် များသည် ဈေးအကြီးဆုံးပဲဖြစ်ပါတယ်။
Luxury ပိုက်ဆံအိတ် တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားသင့်သလဲ။
အရေးအကြီးဆုံးကတော့ ဒီဇိုင်းပဲဖြစ်ပါတယ်။ ဈေးကြီးတဲ့ ပိုက်ဆံအိတ်ရဲ့ဒီဇိုင်းက အခြားသောရိုးရိုးပိုက်ဆံအိတ်ဒီဇိုင်းနဲ့ အတူတူပဲဆိုရင် ဘာ့ကြောင့် ငွေကုန်ကြေးကျခံပြီး ရွေးချယ်နေမှာလဲ။
Goyard Victorie Wallet

Goyard ကတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က ဒီဇိုင်နာဘရန်းတစ်ခုဖြစ်ပြီး ထိုဘရန်းကနေ မိမိစိတ်ကြိုက် Customized ပိုက်ဆံပြောကာ ရွေးချယ်မှာယူနိုင်ပါတယ်။ ထိုကဲ့သို့သော ပိုက်ဆံအိတ်မျိုးဆိုရင် အနည်းဆုံး ဒေါ်လာ ၉၉၅ ဒေါ်လာက စတင်မှာဖြစ်ပါတယ်။
ကမ္ဘာကျော် မင်းသားကြီး Orlando Bloom သည် Goyard ပိုက်ဆံအိတ်ပေါ်မှာ သူ့ရဲ့ နာမည် OB အတိုကောက်ရေးထိုးကာ Custom-Made ဝယ်ယူထားတာဖြစ်ပါတယ်။
The Vandium Aurora

အခုဖော်ပြသွားမယ့် ဈေးအကြီးဆုံး ပိုက်ဆံအိတ်တွေသည် ဒီဇိုင်နာဘရန်းတွေဖြစ်ပါတယ်။ သို့သော် Vandium Aurora ကတော့ဒီဇိုင်နာဘရန်းမဟုတ်ပါဘူး။ ဒီဇိုင်နာဘရန်းမဟုတ်ဘဲနဲ့ ဘာ့ကြောင့် ဒီလောက်တောင် ဈေးကြီးနေရတာလဲ။ သူ့ရဲ့ပါးလျတဲ့ ဒီဇိုင်းနဲ့ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းများကြောင့်ပဲ ဖြစ်ပါတယ်။
ဒီတံဆိပ်သည် ၂၀၁၅ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဖုန်းတစ်လုံးနဲ့ ခပ်ဆင်ဆင်တူနေတာဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၂၄ ဖြစ်ပါတယ်။
Fendi Alligator Wallet

ဒီပိုက်ဆံအိတ်ကတော့ ဒေါ်လာ ၂၄၂၂ ကုန်ကျမှာဖြစ်ပြီး သူ့ကို ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေးပဲဆိုပေမယ့် ပိုက်ဆံအိတ်အထဲမှာ အကန့်ပေါင်း အများအပြားပါရှိပါတယ်။
Cartier Alligator

မိချောင်းသားရေဖြင့် ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၀၀ ဖြစ်ပါတယ်။ ဒီပိုက်ဆံအိတ်ကို ၁၈၄၇ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် လူကြိုက်အများဆုံး ပိုက်ဆံအိတ်ဘရန်းတွေထဲမှာ သူလည်း တစ်ခုအပါအဝင်ပါပဲ။
LV x Supreme Wallet

၂၀၁၇ ခုနှစ်တုန်းက Lousi Vuitton နှင့် Supreme တို့သည် ပူးပေါင်းအလုပ်လုပ်ခဲ့ကြပါတယ်။ သင့်အနေနဲ့ အရောင်တောက်တောက်လေးဖြင့် ထုတ်လုပ်ထားတဲ့ ပိုက်ဆံအိတ်ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီပိုက်ဆံအိတ်ကို ရွေးချယ်နိုင်ပါတယ်။ သူ့ဈေးနှုန်းကတော့ အနည်းဆုံး ဒေါ်လာ ၅၀၀၀ ရှိပါတယ်။
Source: Allthewallets
Featured Image: GQ

