ဇိမ်ကျလှပပြီး နေချင်စဖွယ်ကောင်းတဲ့ဘဝဆိုတာကို သင် ဘယ်လိုအဓိပ္ပာယ်ဖွင့်ပါမလဲ။ အချို့ကတော့ ကမ္ဘာအနှံ့ ခရီးသွားပြီး မတူညီတဲ့ယဉ်ကျေးမှုများကို လေ့လာသိရှိခွင့်ရခြင်းကို သာယာကြည်နူးဖွယ်ကောင်းတဲ့ ဘဝလို့ အဓိပ္ပာယ်ဖွင့်ကြပြီး အချို့ကလည်း ခမ်းနားကြီးကျယ်လှပတဲ့ အိမ်အပြင်အဆင်များနှင့် အလှဆင်ထားတဲ့ အိမ်မျိုး ပိုင်ဆိုင်ထားခြင်းလို့ သတ်မှတ်ကြပါတယ်။ ဘယ်လိုအဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါစေ ကိုယ့်ရဲ့ဘတ်ဂျက်ကို ထည့်တွက်စရာမလိုဘဲ အဆင့်အတန်းမြင့်မြင့်နဲ့ Luxury ဆန်တဲ့ ဘဝ မျိုး ဖန်တီးနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်း များက ကူညီပေးပါလိမ့်မယ်။

အရည်အသွေးကောင်းသော ပစ္စည်းများထံ ရင်းနှီးမြှုပ်နှံပါ

Luxury ဘဝ နည်းလမ်းကောင်း

Luxury လို့ ပြောလိုက်တာနဲ့ အရည်အသွေးသည် အဓိကအကျဆုံး သော့ချက်ပဲဖြစ်ပါတယ်။ သင်သည် ကွာလတီကောင်းသော ပစ္စည်းများထံ ရင်းနှီးမြှုပ်နှံကာ ဝယ်ယူမယ်ဆိုရင် အချိန်အတော်အတန်ကြာသည်အထိ အသုံးခံကာ အမြင်လည်း လှပမှာဖြစ်ပါတယ်။ သင့်ရဲ့အိမ်အပြင်အဆင်နှင့် အသုံးအဆောင်ပစ္စည်းများအတွက် ဝယ်ယူစရာများကို အရည်အသွေးကောင်းသော ပစ္စည်းများ ဝယ်ယူပါ။ ဒါ့အပြင် သင့်ရဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကိုလည်း အရည်အသွေးကောင်းသော ပစ္စည်းများဖြင့်သာ အသုံးချပါ။

ဇိမ်ကျလှပတဲ့ ပတ်ဝန်းကျင်လေး အရင်ဖန်တီးပါ

Luxury ဘဝ နည်းလမ်းကောင်း

Luxury ဆန်တဲ့ ဘဝ ကို ဖန်တီးဖို့အတွက် နည်းလမ်းကောင်း တစ်ခုကတော့ အရင်ဦးဆုံး ကိုယ့်ရဲ့ အိမ်ပတ်ဝန်းကျင်ကို ပြောင်းလဲပြင်ဆင်ရမှာဖြစ်ပါတယ်။ ဇိမ်ကျပြီး ခမ်းနားကြီးကျယ်တဲ့ အိမ်အပြင်အဆင်ဖန်တီးဖို့ဆိုတာလည်း ပိုက်ဆံကို သိန်းသောင်းချီပြီး အကုန်အကျခံစရာမလိုအပ်ပါဘူး။

အရင်ဦးဆုံး သင့်ရဲ့ အိမ်ကို ရှုပ်ပွမနေစေဘဲ အမြင်အရှင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။ အရည်အသွေးကောင်းသော အိမ်ထောင်ပရိဘောဂပစ္စည်းများ ဝယ်ထည့်ပါ။ ပန်းများဖြင့် အခန်းကို အလှဆင်ပါ။ အရောင်အပြင်အဆင်ကိုလည်း အရောင်နုများကိုသာ အသုံးပြုပါ။ ကိုယ့်ရဲ့ အိမ်အပြင်အဆင်သည် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်နေစေရပါမယ်။

ကိုယ်လိုချင်တဲ့ဘဝအတွက် အစီအစဉ်ချထားပါ

Luxury ဘဝ နည်းလမ်းကောင်း

ကိုယ်က ငွေဘယ်လောက်ထိ သုံးချင်သလဲဆိုတာကို အရင်ဦးဆုံး သတ်မှတ်လိုက်ပါ။ ဒီလိုသတ်မှတ်ထားတဲ့အခါ မလိုအပ်တဲ့ ပစ္စည်းများအတွက် အပိုသုံးဖြုန်းမိခြင်းမှ တားဆီးနိုင်ပါတယ်။ ကိုယ် စုဆောင်းရမယ့် ငွေပမာဏကိုလည်း သေချာဖယ်ထားဖို့ မမေ့ပါနဲ့။ ဒီလို စနစ်တကျအစီအစဉ်ဆွဲထားတဲ့အခါ သင့်ရဲ့စိတ်ကို ပိုမိုနိုးကြားတက်ကြွနေစေပြီး သတိမူမိအောင် ကူညီပေးပါလိမ့်မယ်။

ကျန်းမာပျော်ရွှင်သော ဘဝရရှိအောင် ကြိုးစားပါ

Luxury ဘဝ နည်းလမ်းကောင်း

Luxury ဆန်တဲ့ ဘဝ ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းကောင်း တစ်ခုကတော့ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ပဲဖြစ်ပါတယ်။ မနက်ခင်းစောစောမှ လေ့ကျင့်ခန်း ထလုပ်ခြင်း (သို့) လမ်းထလျှောက်ကာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်တဲ့အလေ့အကျင့်ကို သေချာပြုစုပျိုးထောင်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာများ စားသုံးပါ။

ကမ္ဘာအနှံ့ ခရီးသွားပါ

Luxury ဘဝ နည်းလမ်းကောင်း

ကိုယ်ပိုင်လေယာဉ်များ၊ ကိုယ်ပိုင်ရွက်လှေများ ပိုင်ဆိုင်ထားမှ Luxury ခရီးမျိုး သွားနိုင်တာမဟုတ်ပါဘူး။ ကိုယ် သွားချင်တဲ့ နေရာလေးကို စိတ်လွတ်လက်လွတ်သွားကာ ဒေသအစားအစာများကို မြည်းစမ်းစားသုံးကြည့်ပါ။ ခရီးက ပြန်လာတဲ့အခါ လန်းဆန်းတက်ကြွကာ ပျော်ရွှင်ရတဲ့ ခံစားချက်မျိုး ခံစားရမှာပဲဖြစ်ပါတယ်။

ခမ်းနားထည်ဝါသောဖက်ရှင်များကို ဦးစားပေးပါ

tips for a luxurious life

Luxury ဆန်ဖို့အတွက်ဆိုရင်တော့ လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေထက်စာရင် ရင့်ကျက်စေပြီး Classic ဆန်တဲ့ဖက်ရှင်များကို ဦးစားပေးသင့်ပါတယ်။ ကိုယ့်ရဲ့အဝတ်ဘီဒိုကိုလည်း အမြဲတမ်း Updated ဖြစ်နေအောင် ကြိုးစားရပါမယ်။

ဂန္တဝင်တေးဂီတများကို နားဆင်ပါ

tips for a luxurious life

Mozart သီချင်းတွေလည်း ဖြစ်နိုင်သလို Jazz တေးဂီတမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုတေးဂီတအမျိုးအစားမဆို သင့်ရဲ့ စိတ်ကို သက်သောင့်သက်သာနဲ့ ငြိမ်းချမ်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်ဆိုရင် Luxury ဆန်တဲ့ ခံစားချက်မျိုးကို ခံစားနေရတာပဲဖြစ်ပါတယ်။

လက်ဝတ်လက်စားများထက် အတွေ့အကြုံများကို ဦးစားပေးပါ

tips for a luxurious life

လက်ဝတ်လက်စားများ ဝယ်ကာ ပိုက်ဆံများ သုံးစွဲခြင်းထက် အတွေ့အကြုံများအတွက် ပိုက်ဆံသုံးခြင်းက သင့်ကို အချိန်အကြာကြီး အမှတ်ရနေစေမှာပါ။ လက်ဝတ်လက်စားများသည် တစ်ချိန်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ပျက်သွားနိုင်ပေမယ့် အတွေ့အကြုံများကတော့ ဘယ်တော့မှ ဖျောက်ဖျက်ရမှာမဟုတ်ပါဘူး။

Source: Luxurycolumnist

Featured Image Source: Thepositiveedge