ကားဝါသနာအိုးတွေ အိပ်မက်ထဲ ထည့်မက်တဲ့ကားတွေထဲမှာ အမိုက်စား Luxury ကားတွေက ထိပ်ဆုံးက ပါနိုင်ပါတယ်။ ဒါပေမယ့်လည်း Luxury ဆိုတဲ့အတိုင်း အိပ်မက်တွေက သိပ်ဈေးကြီးလွန်းလို့ အဝေးကနေပဲ လက်မှိုင်ချ ငေးနေရတာ များပါတယ်။ ဒါကြောင့်ပဲ Luxury ဆို အသစ်မဝယ်ဘဲ Second-Hand သန့်တာ ရှာကြတာပါ။ တကယ်တော့ Second-Hand Luxury ကားဝယ်မယ့်အစား ဈေးသင့်တဲ့ Luxury Brand တွေ ရှာတာ ပိုကောင်းပါတယ်။ အခုပြောမယ့် ကားတွေကတော့ ဈေးသင့်တင့်တဲ့ Luxury ကားတချို့ပါပဲ။

(၁) 2008 BMW Z4

2008-BMW-Z4-5

Photo: ManofMany

Luxury Car Brand တစ်ခု ဖြစ်တဲ့ BMW ထဲက ဈေးသင့်တဲ့ 2008 BMW Z4 မော်ဒယ်ကလည်း အမိုက်စားဇိမ်ခံကားကြိုက်သူတွေအတွက် ရွေးစရာတစ်ခု ဖြစ်မှာပါ။ ဒီဇိုင်းနဲ့ အတွင်းခန်း အပြင်အဆင်ကို ၂၀၀၆ မှာ ပုံပြောင်းခဲ့လို့ အတော်ကြီး ကွဲပြားသွားခဲ့ပြီ ဖြစ်ပါတယ်။ နှစ်ယောက်ထိုင် Two-Seater နဲ့လာပြီး မြင်းကောင်ရေ ၂၁၅ ကောင်ရေသုံးဆလင်ဒါ ခြောက်လုံးတပ် အင်ဂျင်နဲ့လာပြီး ဈေးကွက်မှာ ဒေါ်လာ ၂၉၁၅၀ ကနေ ဒေါ်လာ ၃၆၁၉၀ ကြားဈေးနဲ့ ရောင်းချနေတာပါ။

(၂) 2009 Audi TT 2.0 TDI Quattro 8J

2009-Audi-TT-2-TDI-Quattro-8J

Photo: ManofMany

Sports Car ဒီဇိုင်း ဒီဇယ်တပ်အင်ဂျင်နဲ့ လာပြီး Luxury ကားတွေထဲမှာ တမူထူးခြားတဲ့ဒီဇိုင်း ၊ ဆွဲဆောင်မှု ရှိတဲ့ ဈေး နဲ့ အမိုက်စားကားအမှတ်တံဆိပ်ကို တွက်ကြည့်ရင် Audi ရဲ့ ဒီမော်ဒယ်ဟာ ဝယ်သင့်တဲ့စာရင်းမှာ ထည့်တွက်ရမယ့်ကားတစ်စင်းပါပဲ။ 2009 Audi TT 2.0 TDI Quattro 8J ဟာ မြင်းကောင်ရေ ၂၀၀ အားနဲ့လာပြီး ဒီဇိုင်းကျစ်လျစ်မှုနဲ့ ဆီစားသက်သာမှုအပြင် ဒေါ်လာ ၂ သောင်းခွဲကနေ ၃ သောင်းကျော်အကြား ဈေးကလည်း Luxury ကားတစ်စီးအတွက် နှုန်းသင့်ရုံမက ချိုတယ်လို့ပါ ဆိုနိုင်ပါတယ်။

(၃) 2002 Jaguar SKR

2002 Jaguar SKR

Photo: ManofMany

Jaguar မော်ဒယ်တွေက အမိုက်စားကားအမှတ်တံဆိပ်ထဲမှာ ရှေ့နားက ထည့်ပြောရတဲ့ ကားတွေ ဖြစ်ပါတယ်။ 2002 Jaguar SKRကားတွေကတော့ အတွင်းခန်းကို လယ်သာသားရေနဲ့ လာပြီး Side Airbages တွေပါ ထည့်ပေးထားပါတယ်။ မြင်းကောင်ရေ ၃၇၀ အား ၄.၀ လီတာ Supercharged V-8 အင်ဂျင်ကြောင့် ဆွဲအားက ငှက်လို ရွပြီး ကြွတက်နေမှာပါပဲ။ ဈေးနှုန်း ဒေါ်လာ ၂၃၀၀၀ ကျော်နဲ့ ၄၄၀၀၀ ကျော်အကြား ဈေးနဲ့ ဈေးကွက်မှာ ရောင်းချနေပါတယ်။

(၄) 1990 BMW 318i E30

2002 Jaguar SKR

Photo: ManofMany

Market Price ဒေါ်လာ ၃၄၀၀ နဲ့ ၅၃၉၀ ကြား ပေါက်တဲ့ BMW ကားပါ။ 1990 BMW 318i E30 က သူ့ခေတ်က ထင်ရှားတဲ့ ဆလွန်းကားပါပဲ။ အခုခေတ်အမြင်ရကြည့်ရင် E30 Series တွေက ပုံသိပ်မလာဘူးလို့ ထင်စရာကောင်းပါတယ်။ 4-Speed Manual နဲ့ လာပြီး အတော်လေး သန့်တဲ့မော်ဒယ်တောင် ဒေါ်လာ ၃ ထောင်နဲ့ ၅ ထောင်အကြား ဈေးနဲ့ ဝယ်နိုင်မယ့်အချက်ကလည်း စိတ်ဝင်စားစရာပါပဲ။

Featured Image Photo: Guide Auto