၂၀၂၁ ခုနှစ်အတွင်း လူကြိုက်များတဲ့ ဇိမ်ခံ Sports ကားဒီဇိုင်းတွေက ဘယ်လိုဒီဇိုင်းမျိုးတွေလဲဆိုတာကို သင် သိပြီးပါပြီလား။ သင်သည် ဇိမ်ခံ Sports ကားတွေကို ဝယ်ယူဖို့ စိတ်ကူးရှိတဲ့ Sports ကားခရေစီတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကားဒီဇိုင်း မော်ဒယ် (၁၀) မျိုးကို မျက်စိကျသွားအမှန်ပါပဲ။
Porsche 911 GT3

ဒီ Sports ကားကတော့ မြင်းကောင်ရေအား ၅၀၂ မြင်းကောင်ရေအား ပါဝင်တဲ့အတွက်ကြောင့် Sports ကားချစ်သူများ အကြိုက်များကြပါတယ်။ ဈေးနှုန်းကတော့ ၁၆၁၁၀၀ ဒေါ်လာဖြစ်ပါတယ်။
Lexus LC 500

ဒီဘရန်းကတော့ ငွေရောင်ရယ် အဖြူရောင်ရယ်ဆိုပြီး အရောင်နှစ်မျိုးလာပါတယ်။ မြင်းကောင်ရေအားကတော့ ၄၇၁ မြင်းကောင်ရေအား ဖြစ်ပြီး ဈေးနှုန်းကတော့ ၉၃၀၅၀ ကနေ စတင်ဝယ်ယူနိုင်ပါတယ်။
BMW M4 Competition

Speed Automatic အနေနဲ့ 8 Speed Automatic အမျိုးအစားဖြစ်ပြီး ဒေါ်လာ ၇၄၇၀၀ ဒေါ်လာဖြင့် ဝယ်ယူနိုင်ပါတယ်။
Lamborghini Huracan STO

သင်သည် အရောင်ဆန်းဆန်းလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Lamborghini Huracan STO အမျိုးအစားကို ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ ၃၂၇၈၃၈ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Audi R8

Audi R8 ည် အပြင်ဒီဇိုင်းသာမက အတွင်းဒီဇိုင်းနှင့် စွမ်းဆောင်ရည်သည်လည်း အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့အထဲမှာ ပါဝင်ပါတယ်။ အရောင်ကတော့ ဘဲခေါင်းစိမ်းရောင်နဲ့ အနီရောင်ဆိုပြီး နှစ်မျိုးလာပြီး ဈေးနှုန်းကတော့ ၁၄၃၀၀၀ ဒေါ်လာဖြစ်ပါတယ်။
Aston Martin DBS Superleggera

Aston Martin သည်လည်း မခေလှပါဘူး။ ဒီဇိုင်းပိုင်းရော အင်ဂျင်ပါဝါပိုင်းပါ အခြားသောဘရန်းတွေနဲ့ ရင်ဘောင်တန်းနိုင်ပါတယ်။ အင်ဂျင်ပါဝင်အနေနဲ့ မြင်းကောင်ရေအား ၇၁၅ ကောင်အား ထုတ်လွှတ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ၃၁၆၃၀၀ ဒေါ်လာဖြစ်ပါတယ်။
Bentley Continental GT Speed

လုံးဝကို Classic ဖြစ်တဲ့အရောင်မျိုး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီအနက်ရောင်လေးကို ဝယ်ယူနိုင်ပါတယ်။ သူကတော့ အင်ဂျင်ပါဝါ ၆၅၀ မြင်းကောင်ရေအား ထုတ်လွှတ်နိုင်ပြီး ဈေးနှုန်းအားဖြင့်တော့ ၂၀၂၅၀၀ ဒေါ်လာ ကုန်ကျပါလိမ့်မယ်။
Mercedes AMG GT4

ဒီမော်ဒယ်အမျိုးအစားကို ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၉၉၉၅၀ ဒေါ်လာဖြင့် စတင်ဝယ်ယူနိုင်ပါတယ်။
Alfa Romeo Giulia QV

ဒီအမျိုးအစားကတော့ F154 Ferrari V8 အမျိုးအစားကနေ ဆင့်ပွားထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူကတော့ အင်ဂျင်ပါဝင်အနေနဲ့ ၅၀၃ မြင်းကောင်ရေအား ရှိပြီး ဈေးနှုန်းကတော့ ၇၄၅၀၀ ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။
Ferrari Roma

Ferrari Roma ကတော့ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၂၂၆၂၀ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ သူ့ဒီဇိုင်းကတော့ ၁၉၆၀ ခုနှစ်ထုတ် 250 GT Lusso နဲ့ 250 GT 2+2 အမျိုးအစားတို့ကို မှီငြမ်းကာ အသစ်တီထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Source: Sportscardigestta.com
Featured Image Source: Sportscardigestta.com
