မိမိအိမ်ရဲ့ဧည့်ခန်းကို ခမ်းနားတင့်တယ်လှပသွားအောင် ဘယ်ကစ ပြင်ဆင်ရမှန်းမသိဖြစ်နေပါသလား။ သင့်အနေနဲ့ Luxury အဆင့်မြင့်နေထိုင်မှုဘဝအတွက် အိမ်တွင်းအသုံးအဆောင်ပစ္စည်းများကို အကုန်လုံး တစ်ပြိုင်နက်တည်း မပြင်ဆင်ချင်သေးဘူးဆိုရင်တော့ အရင်ဦးဆုံး တိုင်ကပ်နာရီကနေ အစပြုလိုက်ရအောင်။

တိုင်ကပ်နာရီသည် အိမ်တိုင်း အိမ်တိုင်းမှာ မရှိမဖြစ် တပ်ထားသင့်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အချိန်လေးစားသူတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့ပစ္စည်းတစ်ခုပါ။

သင့်အနေနဲ့ မိမိရဲ့ဧည့်ခန်းမှာ အကောင်းစား တိုင်ကပ်နာရီများ ဆင်မြန်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တိုင်ကပ်နာရီအမျိုးအစားများကို ဝယ်ယူနိုင်ပါတယ်။

Rolex

Luxury Wall Clocks To Upgrade Your Home or Office

Rolex တိုင်ကပ်နာရီရဲ့ သိသာတဲ့ အမှတ်အသားလေးကတော့ သရဖူအမှတ်အသားပဲဖြစ်ပါတယ်။ သူ့မှာ ဒီဇိုင်းနှစ်မျိုး လာပြီး မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Patek Philippe

Luxury Wall Clocks To Upgrade Your Home or Office

ဒီတံဆိပ်လေးသည် ၁၈၃၉ ခုနှစ်ကတည်းက ယနေ့အချိန်အထိ ခေတ်စားနေတဲ့ နာရီဖြစ်ပါတယ်။ ဒီနာရီရဲ့ ထူးခြားချက်ကတော့ ကိုယ့်နိုင်ငံရဲ့အချိန်အပြင် အခြားသော နိုင်ငံတစ်ခုချင်းစီရှိ မြို့တော်တွေရဲ့ အချိန်တွေကိုလည်း သိရှိနိုင်ပါတယ်။

Breguet

Luxury Wall Clocks To Upgrade Your Home or Office

ဒီနာရီလေးကိုတော့ ၁၇၉၃ ခုနှစ်တွင် Abraham-Louis Breguet ဆိုသူက စတင်တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနာရီလေးမှာတော့ နာရီလက်တံတွေအပြင် မိနစ်လက်တံတွေကိုပါ အတိအကျ ကြည့်ရှုနိုင်ပါတယ်။

Omega

Luxury Wall Clocks To Upgrade Your Home or Office

နာရီနဲ့ ပတ်သက်လာရင် Omega တံဆိပ်သည်လည်း လူသိများပါတယ်။ ဈေးအသင့်အတင့် ပေးဝယ်ရတဲ့ နာရီဒီဇိုင်းမျိုး ရွေးချယ်နိုင်သလို ဈေးအကြီးဆုံး ဒီဇိုင်းမျိုးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့လည်း စာဖတ်သူတို့သဘောအတိုင်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Junghans

Luxury Wall Clocks To Upgrade Your Home or Office

ဂျာမနီနိုင်ံထုတ် နာရီမျိုးကိုမှ အသုံးပြုချင်တယ်ဆိုရင်တော့ Junghans တံဆိပ်ကို ရွေးချယ်နိုင်ပါတယ်။ သူ့ကိုတော့ ၁၈၆၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းကြောင့် နာမည်ကြီးနေရခြင်းဖြစ်ပါတယ်။

နာမည်ကြီး တိုင်ကပ်နာရီအမျိုးအစားကို သိသွားပြီဆိုရင်တော့ နာရီတစ်လုံးရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို ဦးစားပေး ရွေးချယ်သင့်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

ပထမအဆင့်အနေနဲ့ မိမိကြိုက်နှစ်သက်ရာ တံဆိပ်တစ်ခုကို ရွေးချယ်ပါ။

Luxury Wall Clocks To Upgrade Your Home or Office

ထို့နောက် ထိုတံဆိပ်တွေထဲကမှ နာရီဒီဇိုင်းကို ရွေးချယ်ပါ။

တတိယအဆင့်အနေနဲ့ကတော့ အသုံးပြုထားတဲ့ ပစ္စည်းအမျိုးအစားကို ရွေးချယ်ပါ။ ရွှေနဲ့ပြုလုပ်ထားတာကို လိုချင်တာလား၊ ကြေးနဲ့ ပြုလုပ်ထားတာကို ဝယ်ချင်တာလား (သို့) အကြမ်းခံတာမျိုးကို လိုချင်တယ်ဆိုရင်တော့ စတီးလ် (သို့) တိုက်တေနီယမ်နဲ့ ပြုလုပ်ထားတဲ့ တိုင်ကပ်နာရီမျိုးကို ရွေးချယ်သင့်ပါတယ်။

Source: Watchshopping.com