အရည်အသွေးကောင်းတဲ့ လက်ပတ်နာရီတစ်လုံး ဝတ်ဆင်ခြင်းသည် သင့်ရဲ့ဖက်ရှင်ကို စမတ်ကျလှပအောင် ကူညီပေးပါတယ်။ ဖက်ရှင်ချစ်သူများအတွက်တော့ လက်ပတ်နာရီကောင်းကောင်းတစ်လုံးသည် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုပဲ ဖြစ်ပါတယ်။
အချိန် သိချင်တာများ ဖုန်းထဲက အချိန်ကို ကြည့်လို့ရနိုင်တာပဲလို့ တချို့တွေက ပြောကြပါတယ်။ ဒါပေမဲ့ ဖုန်းသုံးလို့ မရတဲ့ အနေအထားမျိုးမှာ၊ ဖုန်းအားကုန်သွားတဲ့အချိန်မှာတော့ အချိန်ကို အလွယ်တကူ မသိနိုင်တော့ပါဘူး။
အရည်အသွေးကောင်းတဲ့ လက်ပတ်နာရီတစ်လုံးသည် သင့်ရဲ့ဖက်ရှင်ကိုသာမက လူနေမှုအဆင့်အတန်းကိုပါ မြင့်မားလာအောင် ကူညီပေးပါတယ်။ လက်ပတ်နာရီအမျိုးအစားနှင့် တံဆိပ်များ အများအပြားရှိတဲ့အနက် အရည်အသွေးမြင့်မားတဲ့ အကောင်းစား Luxury လက်ပတ်နာရီမျိုးကိုမှ သဘောတွေ့တယ်ဆိုရင်တော့ အခုဖော်ပြသွားမယ့် လက်ပတ်နာရီတံဆိပ်များကို ရွေးချယ်နိုင်ပါတယ်။
(၁) Rolex

ဒီနာရီကတော့ Luxury လက်ပတ်နာရီတွေထဲမှာ နံပါတ် (၁) လူကြိုက်အများဆုံးပဲ ဖြစ်ပါတယ်။ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး နာရီတစ်လုံးပေါ့။
(၂) Patek Philippe

ဒီတံဆိပ်ကိုတော့ ၁၈၃၉ ခုနှစ်က စတင် တည်ထောင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဆွိစ်ဇာလန်နိုင်ငံထုတ် လက်ပတ်နာရီတွေထဲမှာ နံပါတ် (၁) နာမည်အကြီးဆုံးပါပဲ။
(၃) A.Lange & Sohne

ဒီနာရီကိုတော့ ဒုတိယကမ္ဘာစစ်အပြီး ၁၈၄၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံထုတ်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးနာရီတိုင်းက ဆွိစ်ဇာလန်နိုင်ငံက ထုတ်လုပ်တာမဟုတ်ဘူးဆိုတာကို သက်သေပြနေတာပါ။
(၄) Omega

ဒီနာရီကလည်း သမိုင်းတွင်တဲ့နာရီတစ်မျိုးပါပဲ။ လကမ္ဘာပေါ်ကို ပထမဦးဆုံးရောက်ရှိသွားတဲ့ အာကာသယာဉ်မှူး Buzz Aldrin သည် သူ လပေါ်သို့ သွားရောက်စဉ်တုန်းက Omega ရဲ့ Speedmaster Professional လက်ပတ်နာရီကို ဝတ်ဆင်ထားခဲ့တာဖြစ်ပါတယ်။
(၅) IWC Schaffhausen

IWC ရဲ့အရှည်ကတော့ The International Watch Company လို့ အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ ၁၈၆၈ ခုနှစ်တွင် Florentine Ariosto Jones က စတင်တည်ထောင်ခဲ့တာပါ။ သူ့ရဲ့ဆန်းသစ်တဲ့ ဒီဇိုင်းကြောင့် လူကြိုက်များ နာမည်ကြီးပါတယ်။
(၆) Jaeger-LeCoultre

Jaeger-LeCoultre သည် အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်နိုင်တဲ့ Unisex နာရီအမျိုးအစားများကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါ့အပြင် နာရီတစ်လုံးဝယ်ယူပါက ၈ နှစ် အာမခံ ပါရှိပါတယ်။
(၇) Chopard

၁၈၆၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရိုးရှင်ခန့်ညားဒီဇိုင်း ကြိုက်နှစ်သက်သူများအတွက် အထူးသင့်တော်ပါတယ်။
(၈) Piaget

ဒီနာရီတံဆိပ်သည် စတင်တီထွင်ခဲ့တဲ့အချိန်ကနေ အခုဆိုရင် နှစ်ပေါင်း ၁၄၀ ရှိပါပြီ။ ပွဲတက်အခမ်းအနားများတွင်သာမကဘဲ နေ့စဉ် ထသွားထလာအချိန်မျိုးတွင်လည်း ဝတ်ဆင်နိုင်တဲ့ နာရီတစ်လက်ပါ။
(၉) Montblanc

Montblanc သည် သူတို့ရဲ့ပထမဦးဆုံးနာရိကို ၁၉၉၇ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်ကတည်းက အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။
(၁၀) Ulysse Nardin

နာရီတစ်လုံးတည်းဖြစ်ပေမယ့်လည်း မတူညီတဲ့ ဖန်ရှင်ပေါင်း ၂၁ ခုတောင် ပါဝင်တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၅ ခုနှစ်တွင် Ulysse Nardin ဆိုသူက စတင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
(၁၁) Panerai

ဒီနာရီရဲ့သက်တမ်းကလည်း မခေပါဘူး။ အခြားနာမည်ကြီးနာရီများနဲ့အပြိုင် ၁၉၃၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
(၁၂) Nordgreen

ဒီဇိုင်းရိုးရှင်ပေမယ့် Classic ဖြစ်တဲ့ နောက်ထပ်နာရီတစ်မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Nordgreen က သင့်အတွက်ပါပဲ။ ဒီနာရီသည် ဒိုင်ခွက် ဆိုဒ်အမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိတာကြောင့် မိမိကြိုက်နှစ်သက်ရာအရွယ်အစားကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
သင်ရော အခုဖော်ပြသွားတဲ့ နာရီတံဆိပ်တွေထဲကမှ ဘယ်တံဆိပ်ကို ရွေးချယ်ချင်ပါသလဲ။
Source: Luxe.digital
Featured Image Source: Luxe.digital
