အိမ်တစ်အိမ်ရဲ့ နွေးထွေးမှု၊ သပ်ရပ်သန့်ရှင်းမှုကို သူ့ရဲ့ မီးဖိုချောင်အပြင်အဆင်ကို ကြည့်ရှု့ကာ ဆုံးဖြတ်နိုင်ပါတယ်။ မီးဖိုချောင်လေးသည် သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းဖို့လည်း အရေးကြီးသလို ချက်ပြုတ်ဖို့နေရာအလုံအလောက်ရှိဖို့လည်း လိုအပ်ပါတယ်။ လူတစ်ယောက်အကြိုက်တစ်မျိုးစီ ရှိကြသလိုပဲ ကိုယ်ပိုင် Luxury ဆန်တဲ့ မီးဖိုချောင်မျိုး ဖန်တီးချင်တဲ့ ကွီး တို့အတွက်လည်း အမိုက်စား မီးဖိုချောင်သုံး ပစ္စည်းများသည်လည်း မရှိမဖြစ်ပါပဲ။

ကိုယ့်ရဲ့ မီးဖိုချောင်ကို အဆင့်မြင့်မြင့်နဲ့ Luxury ဆန်တဲ့ ပုံစံမျိုးဖန်တီးချင်တဲ့ ကွီး တို့အတွက် ဘယ်လို မီးဖိုချောင်သုံး ပစ္စည်းများနဲ့ အလှဆင်သင့်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

မိမိစိတ်ကြိုက် ပြင်ဆင်ကာ ဒီဇိုင်းရေးဆွဲထားတဲ့ အံဆွဲများ နံရံကပ်ကြောင်အိမ်များ

Luxury ကွီး မီးဖိုချောင်သုံး

Luxury ဆန်တဲ့ မီးဖိုချောင်မျိုးဖန်တီးချင်တဲ့ ကွီးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းကတော့ နံရံကပ်စင်များ၊ ဘီဒိုများပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ မီးဖိုချောင်ကို မြင်ကွင်းရှင်းရှင်းနဲ့ မြင်တွေ့ချင်တယ်ဆိုရင် ပစ္စည်းမျိုးစုံ၊ ဆားဘူး၊ အိုးခွက်ပန်းကန်များ၊ ဒယ်အိုးမျိုးစုံကို အသုံးပြုပြီးသွားတဲ့အခါ နေရာတကျ ပြန်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုနေရာတကျ ပြန်ထားဖို့အတွက် နံရံကပ်ဘီဒိုများ၊ စင်များသည်လည်း အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်မီးဖိုချောင်ရဲ့ နေရာအကျယ်အဝန်းနဲ့ လိုက်ဖက်အောင် ဒီဇိုင်းရေးဆွဲကာ ဆောက်လုပ်ထားသင့်ပါတယ်။

နံရံကပ်စင်နဲ့ မြှုပ်ကာ ဆောက်လုပ်ထားတဲ့ ရေခဲသေတ္တာ

Luxury ကွီး မီးဖိုချောင်သုံး

ရေခဲသေတ္တာသည်လည်း နေရာအများကြီးယူလွန်းတဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ Luxury ပစ္စည်းမျိုး ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ကိုယ့်ရဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးဖြစ်တဲ့ ရေခဲသေတ္တာကို အခုလိုမျိုး နံရံစင်နဲ့ ပေါင်းစပ်ကာ ပြုလုပ်ထားမယ်ဆိုရင်တော့ ဒီဇိုင်းက အမိုက်စားဖြစ်နေမှာပါ။

ပန်းကန်ဆေးဘေစင်နှင့် ရေပိုက်ခေါင်း

Luxury ကွီး မီးဖိုချောင်သုံးLuxury ကွီး မီးဖိုချောင်သုံး

ပန်းကန်ဆေးဘေစင်ကို အသုံးပြုမယ်ဆိုရင် ဘေစင်အနက်ကို နက်နက်လေး ဆောက်လုပ်ထားဖို့လိုအပ်ပါတယ်။ ဒါမှ ပန်းကန်ဆေးဘေစင်တစ်ဝိုက်က သန့်သန့်ရှင်းရှင်းဖြစ်နေမှာပါ။ ဒါ့အပြင် ရေပိုက်ခေါင်းကို အလိုအလျောက်ဆင်ဆာဖြင့် ပြုလုပ်ထားတဲ့ ရေပိုက်ခေါင်းဖြင့် တွဲကာ တပ်ဆင်ပေးမယ်ဆိုရင်တော့ အမိုက်စားမီးဖိုချောင်တစ်ခုကို ပိုင်ဆိုင်နိုင်ပြီပဲ ဖြစ်ပါတယ်။

လှပသော ကြွေထည်ပန်းကန်များ

kitchen appliances

ထမင်းစားတဲ့အခါ ကြွေထည်ပန်းကန်များဖြင့် စားသုံးမယ်ဆိုရင် Luxury ဆန်တဲ့ ခံစားချက်မျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။ လှပတဲ့ ကြွေထည်ပစ္စည်းများ စုဆောင်းထားခြင်းသည်လည်း ကွီးတို့ရဲ့ မီးဖိုချောင်ကို ပိုမိုခမ်းနားလှပလာအောင် ကူညီပေးပါတယ်။

ဒီဇိုင်းအမိုက်စား ထမင်းစားစားပွဲနှင့် ထိုင်ခုံများ

kitchen appliances

Luxury ဆန်တဲ့ ထမင်းစားစားပွဲသည်လည်း ကွီး တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ပရိဘောဂဆိုင်တွေမှာ ဒီဇိုင်းရေးဆွဲထားပြီးသားပစ္စည်းတွေထက် မိမိရဲ့စိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ ဆောက်လုပ်ခိုင်းမယ်ဆိုရင်တော့ ကွီးတို့အတွက် အမိုက်စားမီးဖိုချောင်းတစ်ခုကို ရရှိပိုင်ဆိုင်သွားစေမှာပဲဖြစ်ပါတယ်။

Source: Houzz

Featured Image: Decorilla