ပြင်သစ်လီဂူးကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိုင်ယွန်အသင်းကတော့ ဆမ်ဒိုးရီးယားအသင်း နောက်ခံကစားသမားအန်ဒါဆန်ကို ကလပ်စံချိန်တင်ပြောင်း ရွှေ့ကြေးယူရိုသန်း (၃၀)ဖြင့်ခေါ်ယူလိုက်ပြီလို့သိရပါတယ်။ အသက် (၂၃)နှစ်အရွှယ် ဒိန်းမတ်လက်ရွေးစင်နောက်ခံကစားသမားအန်ဒါဆန်ကို လာမယ့် (၂၀၂၄) ခုနှစ်အထိရှိနေစေမယ့် (၅)နှစ်စာစာချုပ်သက်တမ်းဖြင့် ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

Source : BeSoccer

လိုင်ယွန်အသင်းအနေနဲ့ အန်ဒါဆန်ကို ခေါ်ယူဖို့ ဆမ်ဒိုးရီးယားအသင်းအား ကနေဦးပြောင်းရွှေ့ကြေး ယူရို (၂၄)သန်းပေးချေခဲ့ရပါတယ်။၎င်းရဲ့ အောင်မြင်မှုအပေါ်မူတည်ပြီးနောက်ထပ် အပိုဆုကြေးယူရို (၆)သန်းထပ်ဆောင်းပေးချေသွားဖို့လည်းရှိတယ်လို့သိရပါတယ်။ယခုနွေရာသီမှာ လိုင်ယွန်အသင်းအနေနဲ့ ပြင်သစ်နောက်ခံကစားသမား ဖာလန်းမန်ဒီနှင့် ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီတို့ကို ရောင်းချခဲ့တဲ့အတွက် ယူရိုသန်း (၁၀၀)ကျော်အထိရရှိခဲ့တာကြောင့် လိုင်ယွန်အသင်းဟာကစားသမားသစ်များပြန်လည်ခေါ်ယူပြီး အသင်းအတွက်အားဖြည့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက်ပြင်ဆင်မှုတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Source : beIN SPORTS

အန်ဒါဆန်ကတော့ ယခုနွေရာသီမှာ လိုင်ယွန်အသင်းသို့ရောက်ရှိလာခဲ့တဲ့ ကစားသမားများတွေရဲ့ (၅) ဦးမြောက်ကစားသမားဖြစ်ပါတယ်။လိုင်ယွန်အသင်းက အန်ဒါဆန်မတိုင်မှီ လိုင်လီနောက်ခံလူ ယူဆက်ဖ်ကိုနေး၊ နန့်စ်အသင်းမှ ဂိုးသမားတာတာရူဆာနူ ၊ ဖလာမင်ဂိုကွင်းလယ်လူ လူးကပ်စ်နှင့် ဘရာဇီးလ်ကွင်းလယ်ကစားသမား သီယာဂိုမန်ဒက်စ် စတဲ့ကစားသမားတွေကို ငွေကြေးအမြောက်အများသုံးစွဲကာခေါ်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။ အန်ဒါဆန်ဟာလိုင်ယွန်အသင်းသို့ပြောင်းရွှေ့လာတဲ့ကစားသမားများအနက် လိုင်လီအသင်းမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၆.၅)သန်းဖြင့် ခေါ်ယူခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်ကစားသမား သီယာဂိုမန်ဒက်စ်ကိုကျော်ဖြတ်ကာ အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

Source : Sport Interia