ချာလ်တန်အမျိုးသမီးဘောလုံးအသင်းကစားသမားဟောင်း မက်ဒီလင်းရိုက်ဟာ ဒီဇင်ဘာလအစမှာ အသင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် OnlyFans အကောင့်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဒီလင်းရိုက်ဟာ ကားမောင်းနေရင်း ရှန်ပိန်အများအပြား သောက်သုံးခဲ့တဲ့ ဗီဒီယိုနဲ့ ပူဖောင်းထဲက လေတွေကို ရှိုက်သွင်းနေတဲ့ အငြင်းပွားဖွယ် ဗီဒီယိုတွေကို Snapchat မှာ တင်ခဲ့ပြီးနောက် အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo: sharecaster

လက်ရှိမှာတော့ မက်ဒီလင်းရိုက်ဟာ သူမရဲ့ ကွင်းပြင်ပက ပါရမီတွေကို ပြသဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး တွစ်တာနဲ့ အင်စတာဂရမ်မှာရှိတဲ့ ပရိသတ် ၁၄၀၀၀၀ ကျော်ကို သူမရဲ့ OnlyFans စာမျက်နှာနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

မက်ဒီလင်းရိုက်ဟာ သူမရဲ့ လူမှုကွန်ရက်ပရိုဖိုင်မှာ ‘Check the bio’ဆိုတဲ့ စာသားနဲ့အတူ 18+ ဝက်ဘ်ဆိုက်က အကောင့်သစ်ကို သွားရောက်ကြည့်ရှုဖို့ ညွှန်ပြထားတဲ့ ဗီဒီယိုကို တင်ခဲ့တာဖြစ်ပြီး သူမရဲ့ စာမျက်နှာကို ကြည့်ရှုဖို့အတွက် တစ်လကို ၃၃ ပေါင် ကောက်ခံသွားမှာဖြစ်ပါတယ်။

Photo : The US Sun

မက်ဒီလင်းရဲ့ သတင်းက သူမရဲ့ ပရိသတ်တွေကို စိတ်မကောင်းစရာ ဖြစ်စေခဲ့ပေမယ့်လည်း တွစ်တာအသုံးပြုသူတစ်ဦးက ဟာသအမြင်နဲ့ ‘သူ့ စာမျက်နှာမှာ စာရင်းသွင်းလိုက်။ အဲဒီမှာ သူ မတ်တပ်ရပ်ပြီး လေ့ကျင့်ခန်းလုပ်နေတာ တွေ့ရလိမ့်မယ်’လို့ နောက်ပြောင်ခဲ့ပါတယ်