ရီးရဲမက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၇၀ အပြင် ဂါရတ်ဘေးလ်နဲ့တိုနီခရူးစ်တို့ကိုပါ အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ Express ရဲ့သတင်းအရ သိရပါတယ်။

Source: TalkSport

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၅၀ သတ်မှတ်ထားပြီး ရီးရဲမက်ဒရစ်အသင်းက ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ နီးပါး သုံးစွဲထားပြီးဖြစ်တာကြောင့် ကစားသမား ၂ ဦးအထိ အလိုက်ပေးခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေတာဖြစ်ပါတယ်။

Source: The Sun

ရီးရဲမက်ဒရစ်အသင်းဟာ ပေါ့ဂ်ဘာကို ခေါ်ယူလိုကြောင်း ထင်ထင်ရှားရှင်းပြသခဲ့ပြီးဖြစ်ပြီး ယူနိုက်တက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချနိုင်ဖို့အတွက် အသင်းရဲ့ ကြယ်ပွင့်ကစားသမား ၂ ဦးကိုပါ အပြောင်းအရွှေ့ရဲ့တစိတ်တပိုင်းအဖြစ် ထည့်သွင်းလိုနေတာဖြစ်ပါတယ်။

Source : foxsports.com.au

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းဆီကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အပြင် ဂါရတ်ဘေးလ်နဲ့ တိုနီခရူးစ်တို့ကိုပါ အလိုက်ရရှိမယ်လို့ သိရပြီး ဟာရဲရားနဲ့ ဖယ်လိုင်နီတို့ကို ဆုံးရှုံးခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် လက်ခံနိုင်ဖွယ်ကမ်းလှမ်းမှု ဖြစ်လာဖွယ်ရှိပါတယ်။