တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE ရဲ့ Sub-Brand Nubia ကနေ အမိုက်စား Flagship ဖုန်းသစ်တစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ဒီဇိုင်း Upgrade လုပ်ထားတဲ့ Nubia Z40 Pro ဟာ ဈေးကွက်ထဲက အလန်းစား Flagship ဖုန်းဆိုတာ ငြင်းမရပါဘူး။ Limited Edition အဖြစ် ထွက်လာတဲ့ Gravity Edition မှာဆို Android စမတ်ဖုန်းလောကမှာ ပထမဆုံး သံလိုက်ကြိုးမဲ့အားသွင်းနည်းပညာသုံးပြီး အဆန်းတွေ လုပ်ပြသွားပါတယ်။ နောက်တစ်ချက်က 35mm နဲ့ ညီမျှတဲ့ lens ပါ Sony IMX787 64MP Sensor သစ်ကို သုံးလာပြီး ကင်မရာစွမ်းရည်ဘက်မှာလည်း အကောင်းစားရသကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Nubia Z40 Pro

Photo: Gizmochina

Screen Size ၆.၆၇ လက် AMOLED Panel ဟာ FHD+ ရုပ်ထွက် ၊ 144Hz Refresh Rate နဲ့ 100% DCI-P3 Color Gamut Coverage ပါရှိပါတယ်။ ZTE ကတော့ ဒီဖုန်းဟာ အမြင့်ဆုံးတောက်ပမှု 1000nit အထိ ရှိမယ်လို့ ဆိုပါတယ်။ နောက်ထပ် ဆွဲဆောင်နိုင်တဲ့အချက်က Qualcomm ရဲ့ နောက်ဆုံးပေါ် အမြင့်ဆုံး Processor ဖြစ်တဲ့ Snapdragon 8 Gen 1 Chipset နဲ့ မောင်းနှင်ထားတာပဲ ဖြစ်ပါတယ်။ RAM ကိုတော့ 8/12/16GB တွေနဲ့ ထွက်ထားပြီး storage ကို 128/256/512 နဲ့ 1TB ဆိုပြီး လေးမျိုးလာပါတယ်။ Memory ပေါ်လိုက်ပြီး ဗားရှင်း ၅ မျိုး ထွက်ထားတာပါ။

ရှေ့ဘက်မှန်အခုံးရဲ့ မှန်ပြင်ပြည့်ဒီဇိုင်းအပေါ်ဘက် အလယ်တည့်တည့်မှာ Punch-Hole ကင်မရာပေါက်ပါပြီး ဘော်ဒီအချိုးက Galaxy S22 Ultra ကို ပြေးမြင်ချင်စရာပါ။ ကျောဘက်မှာ အလျားလိုက်အပြည့် ကင်မရာအိမ်တစ်ခု နဲ့အတူ ထောင်လိုက်စတုဂံကင်မရာ Module ဖွဲ့စည်းမှုလည်း ပါလာပါတယ်။ ကင်မရာ Cutout ထဲမှာ 50MP Ultrawide Lens ၊ 8MP Periscope 5x Optical Zoom နဲ့အတူ OIS ပါ 64MP f/1.6 7P Lens ဆိုပြီး ကင်မရာ ၃ လုံးတွဲ သုံးထားပါတယ်။ Main Sensor ဖြစ်တဲ့ 64MP Sensor သစ်ဟာ 4-in1 binning နဲ့ 16MP ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Selfie ကင်မရာကိုတော့ 16MP သုံးထားပါတယ်။ Limited Edition ဖြစ်တဲ့ Gravity Edition ဟာ ဘက်ထရီပါဝါပိုနည်းတဲ့ 4600mAh နဲ့လာပြီး 66W Fast Charging ပံ့ပိုးမှုပါလာပါတယ်။ Nubia Z40 Pro တခြားဗားရှင်းကိုတော့ 5000mAh ဘက်ထရီ ၊ 80W Wired Charging Support နဲ့ လာပြီး Magnet ကြိုးမဲ့အားသွင်းစနစ်တော့ မရပါဘူး။ Nubia Z40 Pro ဟာ USB-C Connector တစ်ခုနဲ့လာတဲ့ USB 3.1 Port နဲ့လာပြီး NFC နဲ့ မှန်ပြင်အောက်လက်ဗွေနည်းပညာတို့ တပ်ဆင်ထားပါတယ်။

nubia-Z40-Pro

Photo: fonearena

microSD Port နဲ့ 3.5mm Audio Jack တို့တော့ ပါမှာ မဟုတ်ပါဘူး။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ MyOS 12 နဲ့ လာပြီး အနက် နဲ့ ငွေရောင်နှစ်မျိုးနဲ့ လာပါတယ်။ ZTE Nubia Z40 Pro (8/128GB) ဗားရှင်းကို ၃၃၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ ဈေးအနည်းဆုံး Gravity Edition ကတော့ RAM 12GB/256GB Storage ဗားရှင်းနဲ့လာပြီး ၄၂၉၉ ယွမ် (မြန်မာငွေ ၁၂ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ ဒါက တရုတ်ဈေးကွက်မှာ ပေါက်တဲ့ဈေးဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ထဲ ဖြန့်ချိမယ့်ဈေးနဲ့ ထွက်လာမယ့်ရက်တော့ မသိရသေးပါဘူး။

Featured Photo: Gizmochina