စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နော်ဝစ်ချ်အသင်းနဲ့ မန်ချက်စတာယူနိုက်တာအသင်းတို့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက နောက်ကျအချိန်ပိုသွင်းဂိုးနဲ့အတူ အိမ်ရှင်နော်ဝစ်ချ်အသင်းကို အနိုင်ရရှိကာ FA ဖလားဆီမီဖိုင်နယ်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ယူနိုက်တက်အသင်းက လူငယ်ကစားသမားတွေဖြစ်တဲ့ ဒါလော့ တော်မီနေး အီဂါလို လင်ဂတ် လုခ်ဂှော မက်ဂွိုင်းယားစတဲ့ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးရွှားနေခဲ့တဲ့ နော်ဝစ်ချ်အသင်းကလည်း အိမ်ကွင်းမှာအကောင်းဆုံးရလဒ်ပြန်လည်ဖော်ဆောင်နိုင်ဖို့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard
ပထမပိုင်းပွဲကစားချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ရှင်အသင်းကို အနည်းငယ်ဖိအားပေးကစားနိုင်တယ်လို့ ပြောလို့ရပေမယ့် ထိသလောက်ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ နှစ်သင်းစလုံးရဲ့ ကစားကွက်တွေက အနည်းငယ်ပျင်းရိဖွယ်ကောင်းနေပြီး ပထမပိုင်းပြီးဆုံးသည်အထိ ဂိုးရရှိခြင်းမရှိခဲ့တာကြောင့် ဂိုးမရှိသရေအနေအထားနဲ့ သာအဆုံးသတ်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ယူနိုက်တက်အသင်းရော အိမ်ရှင်နောဝစ်ချ်တို့ပါ ကစားပုံကောင်းမွန်လာခဲ့ပြီး ပွဲကစားချိန် (၅၁) မိနစ်မှာပဲ ယူနိုက်တက်ကစားသမား အီဂါလိုက အသင်းအတွက် ဦးဆောင်အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Source : BBC
ဦးဆောင်ဂိုးရပြီးချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ ကစားကွက်ကအနည်းငယ် လျော့ကျလာခဲ့ပြီး ပွဲကစားချိန် (၇၅) မိနစ်အရောက်မှာ အိမ်ရှင်အသင်းကစားသမား ကန့်ဝဲလ်ရဲ့ ကောင်းမွန်တဲ့ကန်ချက်ကနေတစ်ဆင့် ချေပဂိုးပြန်လည်ပေးလိုက်ရပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက်ကစားပွဲကပြန်လည် စိတ်ဝင်စားဖို့ကောင်းလာခဲ့ပြီး ပွဲချိန် (၈၈) မိနစ်မှာ နော်ဝစ်ချ်နောက်ခံကစားသမား ကလိုဆေး ကစားပုံကြမ်းတမ်းခဲ့တာကြောင့်အနီကဒ်ပြားပြသခြင်းခံခဲ့ရပါတယ်။ အိမ်ရှင်အသင်းအနေနဲ့ တစ်ယောက်လျော့အနေအထားနဲ့ ဂိုးမပေးရဖို့ အစွမ်းကုန်ကာကွယ်ခဲ့ပြီး ဒုတိယပိုင်းပြီးဆုံးသည်အထိ ၁-၁ ဂိုးဖြင့်သာ ရပ်တန့်နေခဲ့တာကြောင့် သရေရလဒ်ဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရတာဖြစ်ပါတယ်။

Source : Evening Standard
ယူနိုက်တက်အသင်းဟာ နော်ဝစ်ချ်ရဲ့ခံစစ်ကြောင်းကို ထိုးဖောက်ပြီး အချိန်ပို (၁၁၈) မိနစ်အရောက်မှာတော့ ဂိုးဧရိယာထဲမှ မက်ဂွိုင်းယားကန်သွင်းလိုက်တဲ့ ကန်ချက်ကနေ တစ်ဆင့် အနိုင်ဂိုးရရှိခဲ့ကာ FA ဖလားဆီမီဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
