လူတိုင်းလူတိုင်းမှာ အနည်းဆုံးဝါသနာ တမျိုး(သို့) နှစ်မျိုးတော့ရှိတတ်ကြပါတယ်။ စာဖတ်တာ၊ စာရေးတာ၊ သီချင်းနားထောင်တာ၊ ဂစ်တာတီးတာ၊ ခရီးသွားတာစသဖြင့်ပါ။ အခုပြောပြပေးမှာက ကိုယ့်ရဲ့ဝါသနာတွေထဲက တချို့ဝါသနာတွေက ဝင်ငွေရနိုင်ဖို့အခွင့်အလမ်းတွေရှိနေတဲ့အကြောင်းလေးပါ။ ဘယ်ဝါသနာတွေလဲဆိုတာကို ကြည့်လိုက်ရအောင်။

(၁)  စာရေးခြင်း

Source : Shutterstock

စာရေးဝါသနာပါတဲ့သူတွေအတွက်က စာရေးခြင်းကတကယ့်ကိုအခွင့်အလမ်းရှိတဲ့ဝါသနာတခုပါ။ ဝက်ဘ်ဆိုက်တွေ ဘလော့ဂ်တွေမှာ စာရေးပြီးဝင်ငွေရှာလို့ရသလို အလွတ်တန်းစာရေးတဲ့အလုပ် (Content Writer) အဖြစ်နဲ့လဲ ဝင်ငွေရှာလို့ရပါတယ်။ နောက်ပိုင်း ပိုကျွမ်းကျင်လာတဲ့အခါ ကိုယ်တိုင်စာအုပ်ထုတ်လို့လဲ ရနိုင်တယ်နော်။

(၂) ဟင်းချက်ခြင်း

Source : Shutterstock

တကယ်လို့ သင်ကဟင်းချက်ကောင်းတဲ့ သူတယောက်ဆိုရင် ဒီဝါသနာကလဲသေချာပေါက်ဝင်ငွေရနိုင်ပါတယ်။ ဖေ့စ်ဘုတ်မှာ ဟင်းချက်ဗွီဒီယိုတွေတင်မလား၊ အွန်လိုင်းကနေ ဟင်းချက်နည်းတွေသင်ပေးမလား ဒါမှမဟုတ် ကိုယ့်ဖောက်သည်နဲ့ကိုယ် ဟင်းအသစ်အဆန်းတွေချက်ပြီးရောင်းလို့လဲရတယ်နော်။

(၃) ဓါတ်ပုံရိုက်ခြင်း

Source : Shutterstock

တချို့လူတွေက ဓါတ်ပုံရိုက်တာဝါသနာပါကြပြီး ကင်မရာအမြင်လဲရှိကြပါတယ်။ တကယ်လို့ သင်ကဓါတ်ပုံလဲကောင်းကောင်းရိုက်တတ်တယ် ဝါသနာလဲပါတယ်ဆိုရင်တော့ သင့်အတွက်ဝင်ငွေတခုရနိုင်ဖို့နီးစပ်နေပါပြီ။ ဘွဲ့အခမ်းအနားတွေ မွေးနေ့ပွဲတွေ ဒါမှမဟုတ် အပျော်တမ်းအလှဓါတ်ပုံရိုက်ချင်သူတွေအတွက် သင့်ရဲ့ဝါသနာနဲ့အကောင်းဆုံးဓါတ်ပုံတွေဖန်တီပေးပြီး ဝင်ငွေရနိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံအရောင်းဝက်ဘ်ဆိုက်တွေမှာ တင်ရောင်းလို့ရနိုင်ပါတယ်။

(၄) ကိုယ်ကာယလေ့ကျင့်ခြင်း

Source : Shutterstock

နောက်တခုကတော့ ကိုယ်ကာလေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်တာလို ဝါသနာကနေလဲ ဝင်ငွေတွေရလာနိုင်ပါတယ်။ သင့်အနေနဲ့ အချိန်ပိုင်းလေ့ကျင့်သင်ကြားပေးတဲ့သူအနေနဲ့ ဝင်ငွေရနိုင်သလို၊ သင့်ရဲ့လေ့ကျင့်ခန်းတွေ၊ Diet လုပ်တဲ့အစီအစဉ်တွေကိုလဲ အွန်လိုင်းမှာသင်ပေးရင်ဝင်ငွေရနိုင်ပါတယ်။

(၅) ခရီးသွားခြင်း

Source : Shutterstock

အခုခေတ်မှာ ခရီးသွားဘလော့ဂါအလုပ်တွေခေတ်စားလာသလို ခရီးသွားခြင်းကနေ ဝင်ငွေရနိုင်နေပါပြီ။ ခရီးသွားခြင်းက စိတ်အပန်းပြေစေပြီး ဗဟုသုတအသစ်တွေလဲရနိုင်တဲ့အတွက် လူတွေကတစ်နှစ်ကို တကြိမ် ဒါမှမဟုတ် နှစ်ကြိမ်တော့ခရီးသွားလေ့ရှိကြပါတယ်။ တကယ်လို့သင်က ခနခနခရီးသွားရတာကိုနှစ်သက်ပြီး ရိုးမသွားနိုင်အောင်ကို ခရီးသွားရတာကြိုက်တယ်ဆိုရင် ဒီဝါသနာနဲ့ဝင်ငွေရှာသင့်ပါပြီ။ ဒါပေ့မယ် လွယ်ကူတဲ့အလုပ်တော့ မဟုတ်တဲ့အတွက် တကယ်ဝါသနာပါမပါဆန်းစစ်ပြီးမှ လုပ်သင့်ပါတယ်။