ပုရိသအများစုက စတိုင်ကျဖို့ဆိုတာ ခက်ခဲမယ်လို့ထင်ကြပါတယ်။ တကယ်တမ်းတွေးကြည့်မယ်ဆိုရင်လည်း တဝက်တော့မှန်ပါတယ် တချို့အဝတ်အစားတွေက သူများတွေနဲ့သာလိုက်တာ ကိုယ်နဲ့ကျတော့ ကြည့်ရဆိုးတတ်တာမျိုးတွေလည်းရှိပါတယ်။ တခါတလေကြတော့လည်း ဝတ်သာဝတ်ထားရတာ စိတ်ကျဉ်းကြပ်ရပါတယ်။ တစ်ခုတော့ရှိပါတယ် အဲ့ဒါကတော့ ကိုယ်ဝတ်ထားရင် ပေါ့ပါးတယ်လို့ခံစားရတဲ့ အဝတ်အစားတွေနဲ့ ဘယ်လို Stylish ဖြစ်သွားအောင်ဝတ်မလဲဆိုတာပါပဲ။

ရေပန်းစားနေတဲ့ Trend နောက်ကိုမလိုက်ပဲ ကိုယ့်အထာနဲ့ဝတ်တာကိုဆိုတာပါ။ လတ်တလောခေတ်စားနေတဲ့ ဖက်ရှင်တွေဟာလည်းအရေးကြီးပေမဲ့ ကိုယ်ဝတ်ထားတဲ့စတိုင်အပေါ်ယုံကြည်မှုရှိဖို့က အဓိကပါ။ သင့်ရဲ့ကိုယ်ပိုင် Causal Look ကိုပိုပြီး Smart ဖြစ်စေမယ် နည်းလမ်းလေးတွေပေးပါရစေ။

Casual ဆိုတာကဖက်ရှင် မဟုတ်ပါဘူး လူတစ်ဦးတစ်ယောက်စီနဲ့သာ စပ်ဆိုင်ပါတယ် ကိုယ့်ကို Comfort ဖြစ်စေနိုင်တဲ့ Outfit မျိုးပါ။ ဥပမာပေးရရင် သူငယ်ချင်းတွေနဲ့အပြင်သွားရင်ဝတ်တဲ့ ဒီဇိုင်းမျိုးပါ အိမ်မှာနေတုန်းဝတ်တဲ့ Pajama ကိုခေါ်တာမဟုတ်ပါဘူး။ ဒါဆို Casual နဲ့ Stylish ဖြစ်စေအောင် Balance ဘယ်လိုထိန်းမလဲ။ အဲ့ဒါကသင့်ကိုယ်သင် မေးရမယ့်မေးခွန်းပါ။ သင့်ရဲ့ဘယ်လိုပုံစံကို လူတွေကိုမြင်စေချင်လဲ ဆိုတာပါပဲ။ ကလေးလိုဝတ်မှာလား လူကြီးလူကောင်းလိုဝတ်မှာလားဆိုတာကို အရင်စဉ်းစားသင့်ပါတယ်။

Gentleman လိုဝတ်မယ်ဆိုရင်တော့ Graphic T-Shirts တို့ Jumpers တို့ကိုမဝတ်သင့်ပါဘူး။ Sweatshirts တွေလိုမျိုးကိုဝတ်ဖို့အကြံပေးပါရစေ။ အရေးကြီးတာက သိပ်အားထုတ်ပြီး စတိုင်ကျအောင်လုပ်ယူလို့မရပါဘူး။

နောက်ပြီးအဖြူရောင် Shirt တွေကိုရှောင်သင့်ပါတယ်။ အရမ်း Formal ဖြစ်လို့ပါ။

ဘောင်းဘီကတော့ Chinos ၊ Shorts ၊ Jeans ကိုနှစ်သက်ရာကို ဝတ်ဆင်နိုင်ပြီး ဖိနပ်အတွက်ဆိုရင်တော့ Boots တွေဝတ်မယ့်အစား Trainers ကိုပိုဝတ်သင့်ပါတယ်။ ဒီလောက်ဆို သင့်အတွက် Casual အဝတ်အစားကို ဝတ်ဆင်တဲ့အခါအထောက်အကူဖြစ်မှာပါ။ ကိုယ်နဲ့လိုက်ဖက်တဲ့ Casual ကိုရွေးချယ်ဝတ်ဆင်နိုင်ကြပါစေ။

Source: Shutterstock.com