ပေါ်တူဂီတိုက်စစ်မူး ရော်နယ်ဒိုဟာ မန်ယူအသင်းကို မပြောင်းရွှေ့ခင်မှာ စပိန်ကလပ် မာလာဂါအသင်းကို ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ် ဒိုလေးကို ခေါ်ယူဖို့ နီးစပ်ခဲ့တဲ့အကြောင်း Carlos Rincon ကပြောဆိုလာခဲ့တာပါ။ အဆိုပါ ပေါ်တူဂီတိုက်စစ်မူး ဒိုလေးစာ ရွှေဘောလုံးဆု (၅) ဆုရရှိထားပြီး မန်ယူ၊ ရီးရဲလ် အသင်းတွေမှာကစားခဲ့ပြီး ယခု အီတလီ ကလပ် ဂျူဗီတပ်အသင်းမှာ ကစားနေပါတယ်။ စပို့တင်း အကယ်ဒမီမှာ ရှိစဉ်ကာလတုံးက မာလာဂါ ကင်းထောက်တွေက ရော်နယ်ဒိုကို ခေါ်ယူဖို့ သွားရောက်ခဲ့ဖူးပါတယ်။

Source: Cristiano Ronaldo

အဲ့ဒီအချိန်တုံးက ဒိုလေးဟာ ကမ္ဘာကျော်တိုက်စစ်မူးတစ်ယောက်ဖြစ်လာဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ Rincon နဲ့ မာလာဂါအသင်းတာဝန်ရှိသူတွေဟာ (၂၀၀၂) ခုနှစ် ဒိန်းမက်နိူင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အသက် (၁၇) နှစ်အောက် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဒိုလေး ရဲ့ခြေစွမ်းကို သွားရောက်လေ့လာခဲ့ဖူးပါတယ်။

“အဲ့ဒီအချိန်တုံးက ရော်နယ်ဒိုဟာ စပို့တင်းအသင်းရဲ့ ပထမ အသင်းမှာ ကစားခွင့်မရသေးပါဘူး။ ကျနော်တို့ Jorge Mendes ကနေတစ်ဆင့် သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျနော်တို့ ရော်နယ်ဒိုအတွက် ယူရို ၁.၅ သန်းပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမဲ့ ကစားသမားရဲ့တန်ကြေးက ယူရို ၃.၅ သန်းခန့်ရှိနေခဲ့တာပါ။

Source: Cristiano Ronaldo fansite

ကျနော်တို့ အဲ့လောက်ငွေကြေးပေးပီး ကစားသမားခေါ်ယူဖို့ မတတ်နိူင်ခဲ့ပါဘူး။ ရော်နယ်ဒိုဟာ ငယ်ငယ်ကတည်းက ဘောလုံးမှာ ပါရမီ ပါတဲ့ကစားသမားတစ်ဦးပါ။ ကျနော်တို့ သူ့ကို ခေါ်ယူနိူင်ဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။

တစ်လ နှစ်လ ကြာတော့ သူပထမ အသင်းမှာ ကစားခွင့်ရသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မန်ယူအသင်းက ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားလာပါတော့တယ်။

Jorge နဲ့ Ferguson တို့က ရင်းနှီးတဲ့ ဆက်ဆံမူ ရှိခဲ့ပါတယ်။ ကျနော်တို့ Ferguson ယှဉ်ပြီး ရော်နယ်ဒိုကို ခေါ်ယူဖို့ မတတ်နိူင်ခဲ့ပါဘူး။ ရော်နယ်ဒိုက သမိုင်းမှာ အကောင်းဆုံးကစားသမားတစ်ဦးပါ။” ဆိုပြီး Rincon က ပြောသွားခဲ့တာပါ။

Source: Caught Offside

ရော်နယ်ဒိုကို မခေါ်ယူနိူင်ခဲ့လို့လည်း အခုထိ နောင်တရကြောင်း သူကပြောသွားပါသေးတယ်။