ဆံပင်ညှပ်ဆရာကောင်းတိုင်းလည်း ဆံပင်ပုံစံကောင်းသွားတယ်တော့ မဟုတ်ပါဘူး။ ခေါင်းအနေအထားနဲ့ ဆံပင်အရည်အသွေးကောင်းဖို့ကလည်း လိုတယ် မဟုတ်လား။ ရုပ်ရှင်မင်းသားနဲ့ ထင်ရှားတဲ့ ဆယ်လီပုဂ္ဂိုလ်တွေထဲမှာ ဆံပင်အကောင်းဆုံး Best Hair ရတဲ့ ပုဂ္ဂိုလ်တွေက ဘယ်သူတွေ ဖြစ်မလဲ။

(၁) Chris Hemsworth

Photo: zestradar

နာမည်ကျော် Thor မင်းသားရဲ့ ဆံပင်တွေကလည်း နာမည်ကြီးပါတယ်။ Thor စီးရီးထဲမှာ ဆံပင်ရှည်နဲ့ ခန့်ညားတဲ့ မင်းသားဟာ Blackhat လို ရုပ်ရှင်တွေမှာလည်း အမိုက်စားဆံပင်ဒီဇိုင်းနဲ့ မြင်ရမှာ ဖြစ်ပါတယ်။

(၂) Timothee Chalamet

Photo: zestradar

ဆံနွယ်ခွေ ခပ်ရှည်ရှည်နဲ့ နုပျိုချောမောတဲ့ Timothee Chalamet ရဲ့ Beautiful Boy ၊ Hot Summer Nights ၊ A Rainy Day in New York တို့ကလည်း နာမည်ကျော်ပါတယ်။ ပိုပြီး နာမည်ကျော်တာက သူ့ရဲ့ နုနယ်ပျိုမြစ်တဲ့ ရုပ်အဆင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံပင်ဒီဇိုင်း ဖြစ်ပါတယ်။

(၃) Robert Pattinson

Photo: zestradar

မိန်းကလေး ၁၀၀ မှာ ၈၀ လောက်က Robert Pattinson ရဲ့ ညှို့အားမှာ နစ်မြောသွားဖို့ ရှိပါတယ်။ Twilight ဒရာမာစီးရီးမှာ တဟုန်းထိုးအောင်မြင်လာခဲ့တဲ့ မင်းသားကြီးရဲ့ ဆံပင်ဒီဇိုင်းဟာ ယောင်္ကျားလေးတွေ အတုယူစရာပါပဲ။

(၄) Kit Harington

Photo: zestradar

Game of Thrones စီးရီးမှာ ဂျွန်စတိုးအဖြစ် လူသိများခဲ့တဲ့ မင်းသား Kit Harington ရဲ့ ဆံပင်ပုံစံကလည်း ဒီစီးရီးကို ကြည့်သူတိုင်း အမှတ်တရရှိနေကြမှာ ဖြစ်ပါတယ်။

(၅) Benedict Cumberbatch

Photo: zestradar

ဟောလီးဝုဒ်မင်းသားကြီးတွေထဲမှာ ရှားလော့ခ်ဟုမ်းမင်းသားကြီး Benedict Cumberbatch ရဲ့ ဆံပင်ဒီဇိုင်းကလည်း သူများနဲ့မတူ ကွဲပြားပြီး ဆွဲဆောင်အားကောင်းတယ်လို့ နာမည်ကြီးပါတယ်။ သဘာဝအတိုင်း အခွေအလိပ်တွေနဲ့ ခပ်တွန့်တွန့်သူ့ဆံပင်ပုံစံဟာ သူ့မျက်နှာကျနဲ့ ကြည့်လို့ကောင်းတာတော့လည်း အမှန်ပါပဲ။