သူမဘာတွေတွေးနေမလဲ? သင့်ကို ဝေဖန်ပိုင်းခြားနေပြီလာ? ဒါမှမဟုတ် သင့်ကို ရွံရှာနေပြီလာ? ဒါတွေကတော့ ယောက်ျားလေးတွေ အများစုတွေးကြတဲ့အရာတွေပါ။ ဒါပေမယ့် ယောက်ျားလေးတွေအများစု စိတ်ပူကြတဲ့အရာတွေက အသုံးမဝင်ပါဘူး။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေက ဂရုမစိုက်လို့ပါပဲ။

ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းအရာကတော့ ယောက်ျားလေးအများစုက အရေးကြီးတယ်လို့ထင်ထားပေမယ့် မိန်းကလေးတွေ ဂရုမစိုက်တဲ့အရာတွေ အကြောင်းပါ။

ပိုက်ဆံအိတ် အရွယ်အစား

Source: Hoffman Brown Company

ကွီးဆီမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ဂရုစိုက်တဲ့မိန်းကလေးအနည်းငယ်ရှိတာတော့ အမှန်ပါ။ ဒါပေမယ့် မိန်းကလေးအများစုက ဒါကိုဂရုမစိုက်ကြဘူး။ သူတို့တွေဆီကို ငွေကြေးနဲ့ချည်းကပ်မယ်ဆိုရင် အမှားကြီးတခုဖြစ်သွားပါလိမ့်မယ်။ ကွီးရဲ့ ရည်ရွယ်ချက်နဲ့ဝါသနာ ကပိုအရေးပါပါတယ်။

မိန်းကလေးအများစုက sugar daddy ကိုလိုက်ရှာနေကြတာမဟုတ်ပါဘူး။ သူတို့နဲ့ တန်းတူငွေကြေးရှာနိူင်တဲ့သူတွေကိုပဲ ရှာကြတာပါ။ မိန်းကလေးအများစုက သူတို့ကို ညီတူညီမျှဆက်ဆံစေချင်တာပါ။

အကုန်လုံးအတွက် ကွီးကပဲ ငွေထုတ်ရှင်းနေတာဟာ သူမကို လွှမ်းမိုးဖို့ကြိုးစားနေတာနဲ့တူပါတယ်။ ဈေးကြီးတဲ့လက်ဆောင်တွေဝယ်ပေးနေတာကလည်း သူမကိုသက်သောင့်သက်သာမရှိစေပါဘူး။ သူမဟာ ကွီးကို အကြွေးတင်သွားသလို ခံစားသွားရစေပါတယ်။ ဈေးကြီးတဲ့ လက်ဆောင်မပေးလို့ စိတ်ကောက်တဲ့ မိန်းကလေးဟာ ပိုက်ဆံကိုဘဲ ကြည့်တဲ့ မိန်းကလေးလို့ မှတ်ယူလို့ရပါတယ်။ ဈေးမကြီးဘဲ အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ လက်ဆောင်ပစ္စည်းတွေ အများကြီးရှိပါတယ်။

ကြွက်သားအရွယ်အစား

Source: Fatherly

ဒီအချက်ကတော့ ယောက်ျားလေးတော်တော်များများ အရေးကြီးတယ်လို့ထင်ထားကြတဲ့အချက်ပါ။ ဗိုက်နည်းနည်းလေး ပူလာတာနဲ့ ဘယ်မိန်းကလေးမှ သူတို့ကို လာမကြိုက်တော့ဘူးလို့ ထင်နေတဲ့ ယောက်ျားလေးတွေ အများကြီးရှိပါတယ်။ သူတို့တွေက ခန္ဓာကိုယ် ကြွက်သားကြီးကြီးတွေက မိန်းကလေးတွေကို အထင်ကြီးစေတယ်လို့ ထင်ထားကြတယ်။ ဒါပေမယ့် ဆွဲဆောင်မူရှိနေစေဖို့ six pack တွေမလိုအပ်ပါဘူး။

လေ့လာမူတွေအရ အမျိုးသမီးအများစုဟာ ခန္ဓာကိုယ်အရွယ်အစား ပုံမှန်ရှိနေတဲ့သူတွေကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်ကြကြောင်း ဖော်ပြထားပါတယ်။ အမျိုးသမီးတွေကို ဆွဲဆောင်ဖို့အတွက် ကြွက်သားတွေ ဖုထွက်နေဖို့ထက် စကားအပြောအဆိုကျွမ်းကျင်ဖို့က ပိုမိုအရေးကြီးပါတယ်။

သူမကို အချိန်တိုင်း မင်းသမီးတပါးလိုဆက်ဆံနေခြင်း

Source: Charles J.Orlando

တစ်ချို့ယောက်ျားလေးတွေက သူတို့ကောင်မလေးကို ထိုင်ခုံပေါ်မှာထိုင်ခိုင်းပြီး တစ်ချိန်လုံး မင်းသမီးတပါးလို့ ပြုစုနေတတ်ကြတယ်။ ဒါကို အမျိုးသမီးအများစုက မလိုလားကြဘူး။ သူတို့က လုပ်ကျွေးပြုစုခံချင်တာ မဟုတ်ပါဘူး။အမျိုးသမီးအများစုက သူတို့ကို ညီတူညီမျှ တန်းတူ ဆက်ဆံတာကိုဘဲ လိုချင်ကြတာပါ။

ကားအကောင်းစား မရှိတာ

Source: Pinterest

ကားအကောင်းစား စီးပြတာဟာ မိန်းကလေးတစ်ယောက်ကို ခဏတာဘဲ အထင်ကြီးစေတာပါ။ ဒါက သူမကို တချိန်လုံးဖမ်းစားဖို့ မလုံလောက်ပါဘူး။ကွီးရဲ့ပိုင်ဆိုင်မူကိုဘဲကြည့်ပြီး ကွီးနောက်ကိုလိုက်လာတဲ့ မိန်းကလေးနဲ့ ရေရှည်လက်တွဲဖို့ မဖြစ်နိူင်ပါဘူး။ တကယ်လို့ လက်တွဲဖြစ်ခဲ့ရင်လည်း ပျော်ရွှင်တဲ့ အချိန်တွေကို ပိုင်ဆိုင်နိူင်ဖို့ အခွင့်အရေးနည်းပါးပါတယ်။

စံတဲ့အချိန်တူတူစံမယ် ခံရတဲ့အချိန်ကျရင်လည်း တူတူခံမယ်ဆိုတဲ့ မိန်းကလေးမျိုးကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်သင့်ပါတယ်။ ဒီလို မိန်းကလေးမျိုးနဲ့လက်တွဲရရင် ဘယ်လို အခတ်အခဲမျိုးဘဲ ကြုံရပါစေ ပျော်ပျော်ကြီး ရင်ဆိုင်တတ်လာမှာပါ။