ကျန်းမာခြင်းဆိုတာ လူတိုင်းလိုချင်ကြတဲ့ အရာတစ်ခုပါ။ ကျန်းမာခြင်းကို ငွေနဲ့ပေးဝယ်လို့မရသလို လိုချင်တိုင်းလည်း ရနိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ သို့သော် သင်ကိုယ်တိုင်ကျန်းမာတဲ့ ဘဝတစ်ခုရအောင်တော့ ပြုစုပျိုးထောင်သွားလို့ရပါတယ်။ ဒီနေ့မှာတော့ နေ့ရက်တိုင်းမှာ ကျန်းမာဖို့ နေ့တိုင်းပုံမှန် လုပ်ရမယ့်အရာတွေကို ပြောပြချင်ပါတယ်။
(၁) လေ့ကျင့်ခန်းလုပ်ပါ

Source : Harvard Health
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ဆိုတာ အားကစားလုပ်ခြင်းမရှိရင် ဘယ်နည်းနဲ့မှမရနိုင်ပါဘူး။ အသက်ရှည်ကျန်းမာချင်တယ်ဆိုရင် နေ့စဉ်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဈေးကြီးပေးရတဲ့ အားကစားရုံတွေမှမဟုတ်ပါဘူး။ စက်ဘီစီးတာ ပန်းခြံထဲလမ်းလျောက်တာ ရေကူးတာစတဲ့အားကစားနည်းတွေကိုလည်းလုပ်လို့ရပါတယ်။
(၂) စိတ်ကိုသန့်ရှင်းပါ

Source : Dissolve
စိတ်ထဲကအမှိုက်တွေအားလုံးကိုရှင်းထုတ်လိုက်ပါ။ စိတ်ကိုအဖြူရောင်ပိတ်စလေးတစ်ခုလို အစွန်းအထင်းကင်းကင်းနေနိုင်အောင်ထားပါ။ စိတ်ညစ်ညူးစရာစိတ်မပျော်ရွှင်စရာအကြောင်းအရာတွေ စိတ်ညစ်စေမယ့်လူတွေအကြောင်းကို ခေါင်းထဲရှင်းထုတ်ပြီး စိတ်ကိုအပေါ့ပါးဆုံးနေထိုင်သင့်ပါတယ်။
(၃) တရားထိုင်ပါ

Source : Everymind at Work
တရားထိုင်ခြင်းက စိတ်တည်ငြိမ်အေးချမ်းဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းနေမယ်ဆိုရင် သောကကင်းကင်းနဲ့ စီဖိစီးမှုကင်းစွာနေထိုင်နိုင်မှာ။ဒါကြောင့် ညမအိပ်ခင်အချိန် မိနစ် ၂၀ လောက်ပေးပြီး တရာထိုင်းသင့်ပါတယ်။
(၄) အိပ်ချိန်ဂရုစိုက်ပါ

Source : MyFitnessPal Blog
ကျန်းမာတဲ့လူနေမှုဘဝအတွက် အိပ်စက်ချိန်ကလည်း အရမ်းကိုအရေးပါပါတယ်။ အိပ်စက်ချိန်မမှန်တဲ့အခါ ကိုယ်ခံအားနည်းပြီးရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့် တစ်ရက်ကိုပုံမှန် ၈နာရီအိပ်စက်ပြီး ညဘက်တွေကိုစောစောအိပ်သင့်ပါတယ်။
