မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည့်အတွက် လာမယ့်နွေရာသီတွင် အပြောင်းအရွှေ့အသုံးစရိတ် မန်စီးတီးဘုတ်အဖွဲ့ဝင်တွေက ဂွါဒီယိုလာကို ပေါင်သန်း (၁၅၀) အသုံးပြုခွင့်ပေးလိုက်ကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

Source: Flipboard

မန်စီးတီးအသင်းပိုင်ရှင်တွေက အင်္ဂလန်မှာ အင်အားအကြီးဆုံးအသင်းအဖြစ် ရပ်တည်နိုင်ရန်အတွက် ဂွါဒီယိုလာကို အသင်းမှလိုအပ်တဲ့ အားဖြည့်ပြင်ဆင်မူတွေ ပြုလုပ်ခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။

Source: Easy Branches

နည်းပြဂွါဒီယိုလာဟာ အသင်းမှာလိုအပ်နေတဲ့ ဗဟိုခံစစ်းမူးတစ်ဦး၊ ဘယ်နောက်ခံလူတစ်ဦးနဲ့ တိုက်စစ်မူးတစ်ဦး ခေါ်ယူလိုနေကြောင်းသိရပါတယ်။ ဗဟိုခံစစ်နေရာအတွက် နာပိုလီနောက်ခံလူ ကူလီဘလီနှင့် ဘယ်နောက်ခံစစ်နေရာအတွက် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူသွားရန်လည်း ရှာဖွေနေပါတယ်။

Source: Daily Express

ဘယ်နောက်ခံကစားသမား အလာဘာဟာ ဘေယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့တာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ မသေချာသဖြင့် အသင်းမှထွက်ခွာဖွယ်ရှိနေတယ်လို သတင်းတွေကဖော်ပြနေကြပါတယ်။

နာပိုလီအသင်းကတော့ သူတို့ရဲ့ ဗဟိုခံစစ်မူးဖြစ်သူ ကူလီဘလီကို ပေါင်းသန်း (၉၀) ဝန်းကျင်ရရှိမှသာ ထွက်ခွာခွင့်ပေးမှာဖြစ်ကြောင်း သိရပါတယ်။