မန်ချက်စတာစီးတီးအသင်းဟာ ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူးကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် တစ်နှစ်ထပ်စောင့်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ယခုအပတ်အစောပိုင်းမှာ ကိန်းအတွက် ပေါင်သန်း ၁၀၀ အပြင် ကစားသမားပါ အလိုက်ပေးကမ်းလှမ်းခဲ့ပြီး စပါးအသင်းက ပယ်ချခဲ့တယ်လို့ နားလည်ရပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဟယ်ရီ ကိန်းအတွက် ပေါင်သန်း ၁၅၀ အနည်းဆုံးရရှိလိမ့်မယ်လို့ ယုံကြည်နေပြီး ESPN က မန်စီးတီးဟာ မြောက်လန်ဒန်ကလပ်အသင်း ငွေရရှိဖို့ ပိုမိုဖိအားများနိုင်တဲ့ လာမယ့်နှစ်ကျမှ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းတော့ဖို့ များတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo: Sportbible
မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက အသင်းရဲ့တသက်တာထိပ်တန်းဂိုးသွင်းရှင် ဆာဂျီယို အဂူရို ထွက်ခွာသွားပြီးနောက်ပိုင်း တိုက်စစ်မှူးအသစ် ခေါ်ယူချင်နေတာဖြစ်ပြီး ဟယ်ရီ ကိန်းက ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးက ရှိနေခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီ ကိန်းဟာ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်းနဲ့ မပူးပေါင်းမီ စပါးအသင်းကို အပြောင်းအရွှေ့ပြုလုပ်ခွင့် တောင်းခံခဲ့တာဖြစ်ပါတယ်။
ကိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတုန်းက တော့တင်ဟမ်ဟော့စပါးနဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးပေမယ့် အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ရှိနေခဲ့တာတောင် ဆုဖလားမရရှိခဲ့တာကြောင့် မြောက်လန်ဒန်ကို စွန့်ခွာချင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဟယ်ရီ ကိန်းက ၎င်းရဲ့အနာဂတ်ကို ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ ဆုံးဖြတ်မယ်လို့ မျှော်မှန်းမထားဘဲ လက်ရှိပစ္စုပ္ပန်ကိုပဲ အပြည့်အဝအာရုံစိုက်ထားမှာဖြစ်တယ်လို့သာ ပြောကြားခဲ့တာဖြစ်ပါတယ်။
