စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စပါးအသင်းပွဲစဉ်မှာတော့ မန်စီးတီးအနေနဲ့ စပါးအသင်းကို (၁-ဝ) ဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနံပါတ်တစ်နေရာကို ပြန်လည်သိမ်းပိုက်သွားနိုင်ခဲ့ကာ ချန်ပီယံဆုအတွက်အလားအလာကောင်းတဲ့ ခြေလှမ်းတစ်ခုလှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ ပွဲစချိန် (၅) မိနစ်အကြာမှာပဲ မန်စီးတီးအသင်း တိုက်စစ်မှူး အဂွဲရိုးခေါင်းတိုက်ဖန်တီးပေးခဲ့တဲ့ ဘောလုံးကို မန်စီးတီးလူငယ်ကစားသမား ဖိုဒန်က အကောင်းဆုံးပိတ်ဆို့ ခေါင်းတိုက်ကာ အသင်းအတွက် ဦးဆောင်ဂိုးရယူပေးသွားခဲ့တာဖြစ်ပါတယ်။ အသက် (၁၈)  နှစ်အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်နိုင်ငံသား ကစားသမား ဖိုဒန်ကတော့ မန်စီးတီးအသင်းအတွက် သွင်းယူပေးခဲ့တဲ့ဂိုးဟာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ယောက် ၎င်းရဲ့ပထမဆုံးသွင်းဂိုးတစ်ဂိုးလည်းဖြစ်ပါတယ်။

Source : Daily Mail

မန်စီးတီးအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရဖို့လိုအပ်နေတာကြောင့် မန်စီးတီးအသင်းအားထားရတဲ့ အဓိကကစားသမားတွေဖြစ်တဲ့ အဂွဲရိုး၊ စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဂွန်ဒိုဂန်တို့အပြင် ဇင်ချန်ကိုနဲ့ ဖိုဒန် စတဲ့လူငယ်ကစားသမားတွေကို လူစုံတက်စုံ အင်အားဖြည့်ထုတ်သုံးသွားခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ အိမ်ရှင်မန်စီးတီးအသင်းကို ပထမဦးဆုံးသွင်းဂိုးတစ်ဂိုးပေးလိုက်ရပေမယ့် အကောင်းဆုံးခြေစွမ်းတွေနဲ့ ပြန်လည်တိုက်စစ်ဆင်ခဲ့တာကို မြင်တွေ့ရပါတယ်။ မန်စီးတီးအသင်းကလည်း ချန်ပီယံလိဂ်ဖလားတစ်လုံး လက်လွှတ်ခဲ့ရတဲ့အတွက် လက်ရှိပွဲစဉ်တွေမှာ သေချာပေါက်အနိုင်ရဖို့အတွက် သေချာပြင်ဆင်ထားပုံရပါတယ်။

Source : Mirror

ပွဲစဉ်ဒုတိယပိုင်းကို ရောက်ရှိလာချိန်မှာတော့ နှစ်သင်းစလုံးအပြောင်းအလဲတွေ ပြုလုပ်လာခဲ့ပြီး ဂိုးတွေရဖို့ အကြိတ်အနယ် ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ စပါးအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ဖို့ အခွင့်အရေးတွေရရှိခဲ့သော်လည်း မန်စီးတီးအသင်းရဲ့ ခံစစ်ကြောင်းကို ကောင်းစွာကျော်ဖြတ်နိုင်ခြင်းမရှိခဲ့တဲ့အတွက် ဂိုးရရှိရမယ့်အခွင့်အရေးတွေကနေ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ လက်ကျန်မိနစ်တွေအထိ အကောင်းဆုံးကာကွယ်သွားခဲ့ကာ (၁-ဝ) ဂိုး အနိုင်ဖြင့်ပွဲကို အဆုံးသတ်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်အဆင့် (၄)နေရာ အတွင်းဝင်ဖို့ အရေးပါတဲ့ပွဲစဉ်ဖြစ်ပေမယ့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ ပိုမိုဖိအားများသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Source : ESPN.com