စပိန် ယူ (၂၁) နှစ် အောက် ကစားသမား ဖာရန် တောရက်စ်ကို မန်စီးတီးအသင်းက ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ အသက် (၂၀) နှစ်အရွယ် ဗလင်စီယာ တောင်ပံကစားသမား၏ကို စတာလင်ပေါင် (၂၁) သန်းပေးချေကာ (၅) နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆို ကြောင်းသိရပါတယ်။

Source: Goal

တောရက်စ်ဟာ လာမယ့် (၂၀၂၀-၂၀၂၁) ဘောလုံးရာသီတွင် မန်စီးတီးအသင်းနဲ့ပူးပေါင်းမှာဖြစ်ပါတယ်။ ဗလင်စီယာအသင်းဟာ အဆိုပါ ယူ (၂၁) အောက်ကစားသမားအတွက် add-ons ကြေးအဖြစ် ပေါင် (၁၁) သန်းထပ်မံရရှိမည်ဖြစ်ကြောင်း သိရပါတယ်။

မန်စီးတီးအသင်းဟာ အဆိုပါကစားသမားကို မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တတ် အပြင် ဂျူဗီတပ်၊ ဒေါ့မွန်၊ ရီးရဲမက်ဒရစ် နဲ့ အက်တလန်တီကိုမက်ဒရစ်အသင်းတို့နဲ့ အပြိုင်ခေါ်ယူခဲ့ရပါတယ်။ နည်းပြဂွါဒီယိုလာကို လေးစားသည့်အတွက် မန်စီးတီးအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း တောရက်စ်က ပြောခဲ့ပါတယ်။

Source: Daily Mail

မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်အား ဘိုင်ယန်မြူးနစ်အသင်းသို့ ထွက်ခွာသွားသည့် ဂျာမန်တောင်ပံကစားသမား ဆာနေးရဲ့နေရာတွင် အစားထိုးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

“မန်စီးတီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ မန်စီးတီးအသင်းဟာ ကမ္ဘာပေါ်မှာ တိုက်စစ်ကစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး အသင်းကစားသမားတိုင်းကလည်း တိုက်စစ်ကစားဟန်မှာ ပါဝင်ပတ်သက်ကြပါတယ်။ ဂွါဒီယိုလာဟာ ကစားသမားတိုင်းကို တိုးတက်အောင် ကူညီပေးနိုင်သူဖြစ်ပြီး တိုက်စစ်ဖွင့်ကစားခိုင်းလေ့ရှိပါတယ်။ ဒါကို ကျွန်တော် အရမ်းနှစ်သက်သဘောကျပါတယ်။ မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ (၁၀)နှစ်အတွင်း ဆုဖလားတွေ အများကြီး ရရှိခဲ့ပြီး ကျွန်တော့်အနေနဲ့ မန်စီးတီးအသင်းကို အောင်မြင်မှုတွေဆက်လက်ရရှိအောင် ကူညီပေးချင်ပါတယ်”ဟု ဖယ်ရန်တောရက်စ်က ပြောကြားခဲ့သည်။

Source: Daily Mail

အခြားသတင်းများအရ မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံလူ နသန်အကီကိုလည်း ယူရိုသန်း (၄၀) ဖြင့် ခေါ်ယူနိူင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။