နွေရာသီမှာ ဘယ်လိုဖက်ရှင် Tips တွေက ရေပန်းစားနေသလဲဆိုတာကို အနည်းငယ်ဖော်ပြပေးချင်ပါတယ်။ ဒီလိုနွေမှာ ဘာဖက်ရှင်တွေက နိုင်ငံတကာဖက်ရှင်လောကမှာ ရေပန်းစားနေလည်းဆိုတာကို လေ့လာထားဖို့တော့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဖက်ရှင်က ဒီနေ့ခေတ်မှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေလို့ပါပဲ။

Source:Youtube

အရောင်နဲ့ပတ်သက်ပြီး စပြောရပါလိမ့်မယ်။ ပူအိုက်တဲ့ရာသီဆိုတော့ ပေါ့ပါးပြီးမျက်စိအေးတဲ့အရောင်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒီလိုပါပဲ နိုင်ငံတကာက ဒီဇိုင်နာတွေကြားမှာလည်း အဖြူရောင်မကျ အသားရောင်မကျ ကာလာက ခုနွေရာသီဖက်ရှင်အနေနဲ့ အသင့်တော်ဆုံးလို့ သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။ နေရောင်အောက်မှာ အေးမြနေမှာဖြစ်ပြီး ဘယ်လိုအသားအရောင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ Suit အနေနဲ့ချုပ်ဝတ်မယ်ဆိုရင်တောင် အတော်လေးအဆင်ပြေတဲ့အရောင်ဖြစ်ပါတယ်။

Source: Monish Chandan

နောက်ထပ် Trend ဖြစ်လာတာကတော့ Patterns လို့ပြောလို့ရပါတယ်။ နိုင်ငံတကာမှာကျင်းပတဲ့ အပတ်စဉ်ဖက်ရှင်ပွဲတွေမှာ ဒေါင်လိုက်အစင်းတွေက နွေဖက်ရှင်အဖြစ် ခေတ်စားလာပါတယ်။ အစင်းကတော့ရောင်စုံပါပဲ။ သဘောတရားက အဖျော့နဲ့အရင့်ကာလာတွေကို ရောထားတာမျိုးဖြစ်ပါတယ်။ အဲ့လို အစင်းကျားတွေကို Deckchair Prints လို့လည်းခေါ်ပါတယ်။

Source:Pinterest

အပေါ်မှာပြောခဲ့သလိုပါပဲ အရောင်အနုတွေဟာ နွေမှာပဲဝတ်လို့ သင့်တော်တာမျိုးပါ။ အဲ့ဒီအထဲမှာမှ ပန်းရောင်ကလည်း ရေပန်းစားလာပါတယ်။ ကျား၊ မ ဆိုပြီးလိင် ခွဲခြားပြီးပြောရရင်တော့ ပန်းရောင်ဟာမိန်းကလေးတွေ အဝတ်များတာလို့ပြောလို့ရပါတယ်။ သို့ပေမယ့် အရောင်တွေမှာ သတ်မှတ်ချက်ဆိုတာမရှိပါဘူး။ နွေရာသီဖက်ရှင် Runway မော်ဒယ်တွေဆို Suit နဲ့ ပန်းရောင်တီရှပ်နဲ့ တွဲဝတ်ပြသွားပါတယ်။ နာမည်ကြီး Brand တွေမှာလည်း ပန်းရောင်နဲ့ပတ်သက်ပြီး ထုတ်လာကြလို့ နောက်ပိုင်းလည်း ယောကျ်ားလေးဖက်ရှင်လောကမှာ နေရာတစ်နေရာရလာမှာ အသေအချာပါ။

Source: Pinterest

နောက်ဆုံးတစ်ခုက နေကာမျက်မှန် ပါ။ နေဒဏ်ကာကွယ်ပြီး စတိုင်ကျနေအောင်ဆောင်ထားသင့်တာမျိုးပါ။ ဘယ်လိုပုံသဏ္ဍာန်၊ ဘယ်လိုဒီဇိုင်းတွေဝတ်သင့်လဲဆိုတော့ Rounded Shape လို့ခေါ်တဲ့ အဝိုင်းပုံစံမျိုးရယ် Half Frames ဒီဇိုင်းရယ် နောက်ပြီး Retro ပုံစံမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ Kwee ရဲ့ ဖက်ရှင်ချစ်သူတွေလည်း အခုလိုနွေရာသီဖက်ရှင် Tips တွေနဲ့ လန်းနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။