မန်ချက်စတာယူနိုက်တက်ဟာ ဒေါ့မွန်လူငယ်ကစားသမား ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ လက်လျှော့ရနီးပါးဖြစ်နေပါပြီ။ အကယ်၍ ဆန်ချိုကို ခေါ်ယူဖို့အဆင်မပြေဖြစ်ခဲ့ရင် ဘာစီလိုနာတိုက်စစ်မူး ဒမ်ဘီလီကို အစားထိုးခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

Source: The United Devils

ဒေါ့မွန်အသင်းရဲ့အားကစားစား ဒါရိုက်တာဖြစ်သူဟာ ဆန်ချိုအနေနဲ့ အသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း အခိုင်အမာပြောကြားထားပါတယ်။ ဒေါ့မွန် အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူက “ဆန်ချိုဟာ နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေမှာပါ။ ဒါဟာ နောက်ဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ မေးခွန်းအားလုံးရဲ့ အဖြေလို့လည်း ထင်ပါတယ်”လို့  သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဘက်က ဆန်ချိုကို ခေါ်ယူဖို့ သြဂုတ် (၁၀) နေ့တွင် အပြီးသတ်ဖို့ ရက်သတ်မှတ်ထားပေမဲ့ မန်ယူဘက်က အပြီးမသတ်နိုင်ခဲ့ပါဘူး။ လက်ရှိအချိန်မှာတော့ ဆန်ချိုဟာ အသင်းသားတွေနဲ့အတူ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်အတွက် ဆွစ်ဇာလန်ကို ရောက်ရှိနေပါတယ်။

Source: JuniperSports

မန်ယူဟာ ဆန်ချိုကို မခေါ်ယူနိူင်ခဲ့ဘူးဆိုရင် ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို ကိုအစားထိုးခေါ်ယူဖို့ ကြိုးစားသွားနိူင်တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။ ESPN ရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ အသက် (၂၃) အရွယ်ကစားသမားကို ရောင်းချသွားဖွယ်ရှိကြောင်း သိရပါတယ်။ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေပါသေးတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာဟာ မန်ယူအသင်းနဲ့ ဒမ်ဘီလီရဲ့အပြောင်းအရွှေ့အတွက် အလွတ်တန်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

Source: FC Barcelona Noticias

ဒမ်ဘီလီဟာ နိုဝင်ဘာလကစလို့ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူဖြစ်ပြီး လစ္စဘွန်းတွင်ကစားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဘာစီလိုနာ လူစာရင်းမှာလည်း မပါဝင်ခဲ့ကြောင်း သိရပါတယ်။