မန်ယူအသင်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ နီမန်ဂျာမာတစ်ဟာ အသင်းနဲ့ (၃) နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ အဆိုပါစာချုပ်ကြောင့် မာတစ်ဟာ မန်ယူအသင်းမှာ (၂၀၂၃) ခုနှစ် ဇွန်လအထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

Source: The Busby Babe
အဆိုပါ ဆားဘီးယား နိူင်ငံသားဟာ ချဲလ်ဆီးအသင်းကနေ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၄) ပွဲကစားပေးထားပြီး (၄) ဂိုးသွင်းယူပေးထားပါတယ်။
မာတစ်ဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလတုန်းက မန်ယူကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ရှိခဲ့ပေမယ့် အိုးထရက်ဖို့ဒ် ဆက်ရှိနေဖို့ ဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။ (၂၀၂၀) ပြည့်နှစ်အစောပိုင်းကာလများတွင် ကွင်းလယ်မှာအားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့မက်တွန်မီနေးတို့ ဒဏ်ရာအသီးသီး ရရှိနေခဲ့တာကြောင့် မာတစ်ဟာ နည်းပြဆိုးလ်ရှားရဲ့ ဦးစားပေးကစားသမားဖြစ်လာခဲ့ပြီး ခြေစွမ်းတွေ တိုးတတ်လာခဲ့တာလည်းဖြစ်ပါတယ်။

Source: Football Ace
“ကြီးကျယ်ခန်းနားတဲ့ အသင်းကြီးမှာ ဆက်ကစားခွင့်ရရှိခဲ့တဲ့အတွက် အလွန်ပဲပျော်ရွှင်ပါတယ်။ အသင်းမှာ ဆက်လတ်ကစားခွင့်ရတဲ့အတွက်လည်း စိတ်လှုပ်ရှားရပါတယ်။ အသင်းမှာ လူငယ်ခြေတတ်ကစားသမားတွေနဲ့အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတွေ မျှမျှတတဟာ အသင်းအတွက် ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။ လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ကြိုးစားသွားမှာပါ” ဟု မာတစ်က ပြောဆိုသွားခဲ့ပါတယ်။

Source: Evening Standard
မာတစ်ဟာ Covid-19 ကြောင့်ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရပ်နားထားပြီး ပြန်လည်စတင်ကစားတဲ့အချိန်မှာ မန်ယူအသင်းအတွက် အဓိကပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးနေတာလည်းဖြစ်ပါတယ်။ မာတစ်ဟာ ယခုနှစ်ဘောလုံးရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၇) ပွဲအထိ ပါဝင်ကစားပေးထားပြီး (၁) ဂိုးသွင်းယူပေးထားပါတယ်။
