မန်ယူအသင်းဟာ သူတို့ရဲ့ ကာလရှည်ကြာခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ လက်စတာအသင်း နောက်ခံကစားသမား Harry Maguire ကို ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။

အဆိုပါလက်စတာနောက်ကစားသမားဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းက အပြောင်းအရွှေ့ကစ္စနဲ့ပက်သတ်ပြီး အသင်းနဲ့ သဘောတူညီမှုလွဲခဲ့တာကြောင့် မပျော်မရွှင်ဖြစ်နေတာပါ။နာမည်ကြီး သတင်းစာ The Sun ကတော့ မန်ယူနဲ့လက်စတာအသင်းတို့အကြား အဆိုပါကစားသမားအတွက် သဘောတူညီမှုရရှိထားပြီလို့ ဖော်ပြထားပါတယ်။

Source: Talk Sport

မန်ယူအသင်းကတော့ Maguire အတွက် ကနဦး ပေါင် သန်း ၆၀ ပေးချေဖို့ သဘောတူထားပေမဲ့ အခြားလက်မှတ်ထိုးကြေး ဆုကြေးတွေပေါင်းလိုက်ရင် ပေါင် သန်း ၈၀ အထိ ပေးချေရဖွယ်ရှိနေပါတယ်။

အဆိုပါကစားသမားဟာလာမဲ့ အင်္ဂါနေ့ မှာ မန်ယူအသင်းနဲ့ ဆေးစစ်ဖို့ သွားရောက်ဖွယ်ရှိနေပါတယ်။လက်စတာအသင်းကတော့ အဆိုပါကစားသမားအတွက် မန်ယူရဲ့ ပေါင်သန်း ၇၀ တန်ကမ်းလှမ်းမှုကို ပယ်ချဖူးပါတယ်။ လက်စတာအသင်းက ကစားသမားအတွက် ပေါင်သန်း ၉၀ ထိအလိုရှိနေတာပါ။

Source: The National

ဒါပေမဲ့ မန်ယူအသင်းက Harry Maguire အတွက် ပေါင်သန်း ၉၀ ထိပေးချေဖွယ်မရှိတာကြောင့် ပေါင်သန်း ၈၀ နဲ့ပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။လက်စတာကတော့ အဆိုပါကစားသမားနေရာမှာ အစားထိုးဖို့အတွက် Brighton ကစားသမား Lewis Dunk နဲ့ Burnley ကစားသမားJames Tarkowski တို့ကိုခေါ်ယူဖို့ စီစဉ်နေပြီလို့သိရပါတယ်။

အသက် ၂၆ ရှိပြီဖြစ်တဲ့ အဆိုပါနောက်ခံကစားသမားကို နည်းပြဟောင်း မောရင်ဟိုလက်ထက်ကတည်းက ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။ လက်စတာအသင်းတောင်းဆိုတဲ့ မြင့်မားလှတဲပပြောင်းရွှေ့ကြေး ကိုမပေးချေလိုတာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့တာပါ။

Source: Eurosport

Harry Maguire ကတော့ လက်ရှိမှာ လက်စတာအသင်းနဲ့ အတူ Evian မှာ လာမဲ့ရာသီအတွက် လေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။လာမဲ့ ရက်အနည်းငယ်အတွင်း မှာ အဆိုပါကစား သမားရဲ့ပြောင်းရွှေ့မှုအပြီးသက်ဖို့ ရှိနေပါတယ်။

အဆိုပါကစားသမားမှာ အင်္ဂလန်အသင်းအတွက် ၂၀၁၈၊၂၀၁၈ နဲ့ ၂၀၁၉ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး အဓိကနောက်ခံလူအဖြစ်ကစားနေတဲ့သူပါ။ ဒီအပြောင်းအရွှေ့သာ ပြီးမြောက်သွားခဲ့ရင် Harry Maguire ဈေးအကြီးဆုံးနောက်ခံကစားသမားအဖြစ်မှတ်တမ်းဝင်သွားမှာပါ။ လက်ရှိမှာ တော့ လီဗာပူးနောက်ခံကစားသမား Virgil van Dijk က ပေါင် ၇၅ သန်းနဲ့ ဈေးအကြီးဆုံးနောက်ခံလူအဖြစ်ရပ်တည်နေပါတယ်။