မန်ချက်စတာယူနိုက်တက်အသင်းဟာ ခိုင် ဟားဗတ်ဇ် လက်သစ်လို့ သတ်မှတ်ခံနေရတဲ့ လေဗာကူဆင်ကြယ်ပွင့် ဖလိုရီယန် ဗာ့ဇ်ကို ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

Florian Wirtz

Photo: Bundesliga

ဗာ့ဇ်ဟာ ဘယ်သန် လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး လေဗာကူဆင်အသင်းမှာ အကောင်းဆုံးခြေစွမ်း ပြသနေတာကြောင့် ခိုင် ဟားဗတ်ဇ်နဲ့ နှိုင်းယှဉ်နေကြတာ အံ့အားသင့်စရာမဟုတ်တော့ပါဘူး။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ခိုင် ဟားဗတ်ဇ်ကို ပေါင် ၇၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလက မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂျာမန်ကြယ်ပွင့်က အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ခိုင် ဟားဗတ်ဇ်ရဲ့ နေရာမှာ နောက်ထပ် အလားသဏ္ဌာန်တူတဲ့ကစားသမားနဲ့ အစားထိုးခဲ့ပြီး အံ့အားသင့်စရာကောင်းလောက်အောင် ပုံစံချင်းက တူညီနေကြတာ ဖြစ်ပါတယ်။ ဂျာမန်လူငယ်ကြယ်ပွင့် ဖလိုရီယန် ဗာ့ဇ်ဟာ သိပ်မဝေးလှတဲ့ အနာဂတ်မှာ အင်္ဂလန်ကို ကြီးမားတဲ့ အပြောင်းအရွှေ့ပြုလုပ်ပြီး ခိုင် ဟားဗတ်ဇ်ရဲ့ ခြေရာကိုလည်း လိုက်နင်းသွားဖွယ် ရှိနေပြီ ဖြစ်ပါတယ်။

Daily Star ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၁၈ နှစ်အရွယ် ကစားသမားကို အပြောင်းအရွှေ့ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတဲ့ ဥရောပထိပ်သီးအသင်းကြီးတွေထဲမှာ အပါအဝင်ဖြစ်ပြီး လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ဆီကနေ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်မှာ ဂျာမန်ဘောလုံးလောကရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ ဆိုရမယ့် ရာ့လ်ဖ် ရန်းနစ်ခ်ရှိနေတာက ယူနိုက်တက်အနေနဲ့ ဖလိုရီယန် ဗာ့ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အသာစီး ရရှိစေလိမ့်မယ်ဆိုတဲ့ ယုံကြည်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

အသက် ၆၃ နှစ်အရွယ် ဂျာမန်လူမျိုး နည်းပြဟာ ဂျာမနီ ဘောလုံးလောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး လေဗာကူဆင် လူငယ်ကွင်းလယ်တိုက်စစ်ကစားသမားကိုလည်း အိုးထရက်ဖို့ဒ် ပြောင်းရွှေ့ချင်လာအောင် စည်းရုံးသွားနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

Featured Photo: Daily Star