ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း တောင်ကိုရီးယားသားပက်ဂျီဆန်ကတော့ ၎င်းရဲ့ နည်းပြဘဝကို စတင်ဖို့ အင်္ဂလိပ်ဘောလုံးလောကထဲ ပြန်လည် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

man-utd-legend-park-ji-sung-launches-coaching-career-in-english-football

Photo : Goal.com

ဘောလုံးသမိုင်းတစ်လျှောက် အခမ်းအနားဆုံး အာရှကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ စွယ်စုံရကွင်းလယ် ကစားသမားဟောင်း ပက်ဟာ၎င်းရဲ့ နည်းပြ ဘီလိုင်စင်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျူပီအာ ယူ-၁၆ အသင်း ကို နည်းပြအနေနဲ့ ကိုင်တွယ်သွားတော့မှာပဲ ဖြစ်ပါတယ်။

ပက်အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ကျူပီအာနှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ ကျူပီအာနည်းပြ ခရစ်ရမ်ဆီရဲ့ သင်ကြားမှုအောက်မှာ လေ့လာသင်ယူမှုတွေကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကလပ်အသင်းရဲ့တရားဝင်၀က်ဘ်ဆိုဒ်မှာ ” ကျူပီအာအသင်းမှာ ကစားခဲ့ချိန်ကတည်းက သူတို့အနေနဲ့ လူငယ်ကစားသမားတွေကို ဘယ်လိုပြုစုပျိုးထောင်ပေးလဲဆိုတာကို တွေ့ရှိခဲ့ရပြီး ကျွန်တော်တကယ်ပဲ စိတ်ဝင်စားခဲ့ပါတယ် ၊ ကစားသမားတွေဆီကရော နည်းပြတွေဆီကနေပါ အများကြီး သင်ယူခွင့်ရခဲ့ပါတယ်” လို့ ပက်က ဆိုပါတယ်။

” ခရစ်ဟာ ဘောလုံးနဲ့ အထူးသဖြင့် လူငယ်ခြေတက်အဆင့် ကစားသမားတွေအပေါ် ဘယ်လောက် စိတ်အားထက်သန်နေလဲဆိုတာကို ကျွန်တော်အတော်လေး အံ့သြမိပါတယ် ၊ ခရစ်လို ပထမတန်းအသင်းကို ကိုယ်တွယ်နေသူတစ်ယောက်က လူငယ်အသင်းတစ်ခုလုံးမှာ ပါဝင် ပတ်သက်မှုရှိနေတာကို တွေ့ရတာ တကယ်ကိုပဲ စွဲမက်စရာကောင်းပါတယ်။

“သူရဲ့ ထက်မြက်တဲ့ အတွေးအခေါ်တွေကို မြင်ရတယ် ၊ အားလုံးက အချိန်ယူရပေမယ့် လုပ်ငန်းစဉ်တွေ ကောင်းမွန်လာတဲ့အခါ ကလပ်အသင်းအတွက် ရေရှည်မှာ အကျိုးရှိပါတယ် ၊ ကျွန်တော် သူ့ဆီကနေ အများကြီး သင်ယူခွင်ရရှိခဲ့တယ်လို့” ပက်က ဖွင့်ဟထားပါတယ်။

man-utd-legend-park-ji-sung-launches-coaching-career-in-english-football

Photo : The Sun

အသက် ( ၄၀ ) အရွယ် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ပက်ဂျီဆန်ဟာ သရဲနီအသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိကစားခဲ့ပြီး အသင်းနဲ့အတူ ပွဲပေါင်း ၁၃၄ ပွဲကစားပေးထားကာ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ၊ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်တိုင် ဆွတ်ခူးရရှိထားပါတယ်။

၂၀၁၂ ခုနှစ်မှာ ကျူပီအာအသင်းကို မပြောင်းရွေ့မီ ယူနိုက်တက်ကစားသမားဘဝတစ်လျောက် စုစုပေါင်း ၁၉ ဂိုးသွင်းယူပေးခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံလက်ရွေးစင်အသင်းနဲ့လည်း ပွဲပေါင်း ၁၀၀ ကျော်ပါဝင်ကစားခဲ့ပြီး ၂၀၀၂ ၊ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲသုံးကြိမ်ဆက် ပါဝင်ကစားခဲ့တဲ့ ဂန္တဝင်ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Featured Photo : Bongdanhanh.net